လက်ပံတန်း ကျောင်းသားသပိတ်မှာ ဖမ်းဆီးခံခဲ့ရတဲ့ ကျောင်းသားတွေနဲ့ ဝန်းရံပြည်သူတွေကို နောက်ထပ်ရုံးချိန်း အဖြစ် ဇူလိုင်လ ၂၈ ရက်နေ့ကို ချိန်းဆိုလိုက်ပါတယ်။ ဒီနေ့ရုံးချိန်းမှာ ကျန်းမာရေးအာမခံနဲ့ ဝန်းရံပြည်သူ ကိုခင်လှိုင်နဲ့ အဝေးသင်ကျောင်းသားဖြစ်ကြောင်း ပါမောက္ခချုပ် ထောက်ခံချက်အပါအဝင် တခြား ထောက်ခံစာတွေ တင်ပြပေးနိုင်ခဲ့တဲ့ ကျောင်းသားကိုမင်းမင်းစိုးတို့ အာမခံရရှိခဲ့ပါတယ်။
ဒီနေ့ တရားစစ်ဆေးမှုမှာ လက်ပံတန်းကျောင်းသားသပိတ်ဖြိုခွဲစဉ်မှာ ရိုက်ကူးထားတဲ့ ဗီဒီယိုသက်သေ ဗီစီဒီခွေ ၃ ချက်ကို ကျောင်းသားတွေရဲ့ရှေ့နေတွေဘက်က ဖွင့်ပြပြီး ရိုက်တာမဟုတ်ပဲ ရွယ်ရုံရွယ်တာဆိုပြီး တရားလိုဘက်က ထွက်ဆိုထားမှု မှားယွင်းနေကြောင်း သက်သေအဖြစ်တင်ခဲ့ပါတယ်။ ဒါပေမယ့် ဥပဒေအရ ဗီဒီယိုသက်သေတင်ပြခွင့်မရှိတာကြောင့် ဗီဒီယိုတွေကို ရိုက်ကူးခဲ့ကြတဲ့ ဒီဗီဘီသတင်းဌာနမှ ဦးဇေယျ နဲ့ အလွတ်သတင်းထောက် ကိုမင်းမင်းစိုး တို့ကို လူသက်သေအဖြစ် ထွက်ဆိုခွင့် ရရှိဖို့ တင်ပြထားပါတယ်။
ထောင်တွင်းမှာ ဆေးလိပ်၊ ကွမ်းယာသွင်းမှု အတွက် တိုက်ပိတ်ခံရသူ ၇ ဦးကို ဇူလိုင်လ ၁၆ ရက်နေ့က ပုဒ်မ ၄၂ နဲ့သီးသန့် ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
သတင်းဓာတ်ပုံ – ကောင်းထက်ကျော် / DVB
Sign up here with your email
ConversionConversion EmoticonEmoticon