ထိုင်ဝမ်မှာ ကပွဲစင်ရှေ့ ပေါက်ကွဲမီးလောင်မှုဖြစ်ခဲ့တဲ့ ရေကစားဥယျာဉ်ရဲ့ စီအီးအိုက လူ ၅၀၀ ကျော် ထိခိုက်ဒဏ်ရာ ရခဲ့ကြပြီး လူသေဆုံးခဲ့ရတဲ့ ဖြစ်ရပ်အတွက် ဇွန် ၂၉ ရက် တနင်္လာနေ့က တောင်းပန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၂၇ ရက်နေ့က ဖော်မိုစာ ရေကစားဥယျာဉ် စတိတ်စင်ရှေ့ မီးလောင်မှုမှာ လက်ရှိအချိန်အထိ လူ ၂၀၀ ကျော် အရေးပေါ် ဆေးကုသမှု ခံယူနေရဆဲ ဖြစ်ပါတယ်။
ရောင်စုံမှုန့်တွေဖျန်းပြီး စတိတ်စင်ရှေ့က ခုန်နေရင်း ရောင်စုံမှုန့်တွေ မီးကူးစက် လောင်ကျွမ်းခဲ့တာပါ။
ဇွန် ၂၉ ရက်က အသက် ၂၀ အရွယ် မိန်းကလေးငယ် တဦးကတော့ ခန္ဓာကိုယ် ၉၀ ရာခိုင်နှုန်း မီးလောင်ကျွမ်းခဲ့တဲ့ ဒဏ်ရာနဲ့ သေဆုံးခဲ့တယ်လို့ ဆေးရုံအာဏာပိုင်တွေက ပြောပါတယ်။
“ကျမတို့ ဒီကပွဲအတွက် အိမ်ငှားသလိုပဲ ငှားရမ်းလိုက်တာပါ။ ဒီလိုဖြစ်လိမ့်မယ် ဆိုတာလည်း ဘယ်လိုမှ မသိခဲ့ပါဘူး။ ဒီလိုလူတွေအများကြီး မီးလောင်ထိခိုက်ကြမယ် ဆိုတာလည်း ဘယ်လိုမှ မသိခဲ့ပါဘူး။ အဲဒီဖြစ်ရပ်အတွက် ကျမ အရမ်းဝမ်းနည်း စိတ်မကောင်းဖြစ်ရပါတယ်။” လို့ စီအီးအို ချန် ဝေ-ယင် (Chen Hui-ying) က တောင်းပန်ခဲ့တာပါ။
ဖော်မိုစာ ရေကစားဥယျာဉ်ဟာ ဇွန် ၂၇ ရက်က မီးလောင်မှုဖြစ်ပွားခဲ့တဲ့ ကပွဲအတွက် ထိုင်ဝမ်မြို့တော်သစ် အုပ်ချုပ်ရေးအဖွဲ့မှာ လိုအပ်တဲ့ ခွင့်ပြုချက် မတောင်းခဲ့ဘူးလို့ မြို့တော်အုပ်ချုပ်ရေးအဖွဲ့က ပြောပါတယ်။
အဲဒီကပွဲကို စီစဉ်ခဲ့သူတွေကိုတော့ ရဲက ခဏတာ ထိန်းသိမ်းစစ်မေးမှုတွေပြုလုပ်ပြီး အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ဒေသခံ အစိုးရရှေ့နေရုံးက အသေးစိတ် ဖြေကြားခြင်း မရှိပါဘူး။
DVB
Sign up here with your email
ConversionConversion EmoticonEmoticon