ကျိုက်ထီးဆောင်းဆရာတော်ကြီးရုပ်ကလာပ်အား တွေ့ရစဉ်။ဓာတ်ပုံ-Win Naing Eagle |
ကျိုက်ထီးဆောင်းဆရာတော် ကြီး၏မိန့်ကြားချက်အရ ယင်းကဲ့သို့ ထားရှိ အပူဇော်ခံသွားမည်ဖြစ်ပြီးရုပ်ကလာပ်တော်ကို မြေမမြှုပ်၊ မီး မရှို့၊ ရေမမျှောဘဲ ထာဝရစံကျောင်း တော်ဆောက်လုပ်၍ အပူဇော်ခံ ထားရှိသွားမည်ဖြစ်ကြောင်း ဆရာ တော်ကြီး၏ ဒါယကာရင်းဖြစ်သူ ဦးဇေသီဟက ပြောသည်။
''ဆရာတော်ကြီး မိန့်ကြားခဲ့ ဖူးတာရှိပါတယ်။ အဲဒါကြောင့် ဝါ တွင်းသုံးလလုံးမှာ ယာယီစံကျောင်း တော်နဲ့အပူဇော်ခံထားမှာပါ။ ဆေး စိမ်တာတွေ ဘာတွေမလုပ်ဘဲ ဒီအ တိုင်းပဲထားမှာပါ။ ထာဝရစံကျောင်း တော်ဆောက်လုပ်ဖို့တော့ စီစဉ်နေ တုန်းဖြစ်တဲ့အတွက် ဘယ်နေရာမှာ ဖြစ်မလဲ အတိအကျမသိနိုင်သေးပါ ဘူး။ အခု ယာယီစံကျောင်းတော်နဲ့ ထားရှိအပူဇော်ခံဖို့ကိုလဲ ဆရာတော် ကြီးရဲ့ ဒကာ၊ ဒကာမအရင်းတွေက ပဲ ဆောင်ရွက်ကြမှာပါ''ဟု ယင်းက ဆက်လက်ပြောသည်။
ကျိုက်ထီးဆောင်းဆရာတော် ကြီး အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇော တိကဓဇ ဒေါက်တာဘဒ္ဒန္တပညာဒီပမှာ ဇူလိုင် ၂၁ ရက်မှစတင်ကာ မင်္ဂလာ ဒုံမြို့နယ် ခုတင် ၁ဝဝဝ စစ်ဆေးရုံ ၌ ဆေးကုသမှုခံယူခဲ့ပြီး ညာဘက် တစ်ခြမ်းလေဖြတ်ရောဂါ၊ ဆီးချို၊ အဆုတ်လြေ>ွပန်ရောင်ရောဂါ၊ ခြေ ထောက်သွေးလွှတ်ကြောနှင့် နှလုံး သွေးကြောကျဉ်းရောဂါဝေဒနာတို့ ဖြင့် ဇူလိုင် ၂၅ ရက် ညနေပိုင်း ၃ နာရီ ၂၈ မိနစ်တွင် ယင်းဆေးရုံ၌ပင် ပျံလွန်တော်မူခဲ့ကြောင်း သိရသည်။
ဆရာတော်ကြီး၏ရုပ်ကလာပ် တော်ကို ဇူလိုင် ၂၅ ရက် ညနေ ၆ နာရီတွင် ကျိုက်ထီးဆောင်းသာသ နာ့နယ်မြေသို့ ပြန်လည်ပင့်ဆောင် သွားခဲ့ပြီး ဆရာတော်ကြီးမှာ သက် တော် ၈၈ နှစ်၊ ဝါတော် ၄၅ ဝါရှိပြီ ဖြစ်ပြီး ဆရာတော်ကြီး၏ ရုပ်က လာပ်တော်ကို ထာဝရစံကျောင်း တော်ဖြင့် အပူဇော်ခံရန်အတွက် စီ စဉ်သွားမည်ဖြစ်ကြောင်း သိရသည်။
MTZ - Democracy
Sign up here with your email
ConversionConversion EmoticonEmoticon