လေယာဉ်ပျံနဲ့ မိုဘိုင်းဖုန်း အသုံးမပြုဘဲ မြန်မာနိုင်ငံ အပါအ၀င် ကမ္ဘာအနှံ့ကို သွားရောက်ခဲ့တဲ့စုံတွဲ


ခရီးသွားလာတဲ့အခါ လေယာဉ်ပျံဟာ မရှိမဖြစ် လိုအပ်သလို ဆက်သွယ်ရေး အတွက်လည်း မိုဘိုင်ဖုန်းကလည်း အရေးပါ ပါတယ်။ ဒါပေမဲ့ ဒီအရာတွေ မပါဘဲ ခရီးသွားလာခဲ့တဲ့ စုံတွဲတစ်တွဲ ရှိပါတယ်။ သူတို့ဟာ သဘာဝရှုခင်း တွေကို ခံစားနိုင်ဖို့ ခရီးသွားလာတဲ့အခါ လေယာဉ် အသုံးပြုခြင်းကို ရှောင်ရှားခဲ့ပြီး ကား၊ သင်္ဘော၊ ရထားစတဲ့ အရာတွေကိုသာ အသုံးပြုခဲ့ပါတယ်။ နောက်ပြီး သူတို့ခရီးသွားတဲ့အခါ ကြောင်တစ်ကောင်ကို ခေါ်သွားပြီး ဒီကြောင်လေးဟာလည်း မြန်မာနိုင်ငံက ကြောင် ဖြစ်တာကြောင့် စိတ်ဝင်စားစရာ ဖြစ်ခဲ့ပါတယ်။

ဘူလ်ဂေးရီးယား နိုင်ငံသား အသက် (၂၅)နှစ်အရွယ်ရှိ ဘောရစ်ကာနီဗ်ဟာ ချစ်သူဖြစ်သူ စပိန်နိုင်ငံသူ အသက် (၃၁) နှစ်အရွယ်ရှိ ဆာမာလီယာနဲ့အတူ ခရီးစဉ်ကို စတင်ခဲ့တာ ဖြစ်ပါတယ်။ သူတို့ ခရီးစဉ်ကို ဘူလ်ဂေးရီးယားကနေ စတင်ခဲ့ပြီး ကြုံသလို သွားလာခဲ့ရာ တူရကီကို စတင် သွားရောက်ခဲ့ပါတယ်။ ဒီနောက် အာရှဘက်ကို ကူးပြီး အီရန်၊ အီရတ်၊ အလယ်အာရှ ဒေသတွေကို သွားရောက်ပြီး တရုတ်နိုင်ငံကို ရောက်လာခဲ့ပါတယ်။

တရုတ်နိုင်ငံ ကနေ အရှေ့တောင် အာရှဒေသ နိုင်ငံတွေကို သွားရောက်ပြီး အိန္ဒိယနိုင်ငံကို သွားရောက်နိုင်ဖို့ အနီးဆုံးနေရာဖြစ်တဲ့ မဏိပူကနေ ဖြတ်ပြီး မြန်မာနိုင်ငံကို လာရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံကို ရောက်ပြီးတဲ့နောက် မဏိပူကနေ သွားရောက်ကာ အိန္ဒိယကို ခရီးနှင်ခဲ့ခြင်း ဖြစ်ပါတယ်။ အိန္ဒိယကို ရောက်ဖို့ စုစုပေါင်း ကုန်ဆုံးခဲ့တဲ့ရက်က (၅၁၁)ရက် ကြာခဲ့ပါတယ်။ ခရီးစဉ် တစ်လျှောက် မေ့မရနိုင်တဲ့ ရှုခင်းတွေကို တွေ့ခဲ့ရတာကြောင့် ပင်ပန်းမှုတွေ ကွယ်ပျောက် စေခဲ့ပါတယ်။

ဆာမာလီယာက ဘူလ်ဂေးရီးယားကနေ အိန္ဒိယကိုရောက်ဖို့ အလွန်ရှည်လျားတဲ့ ရက်တွေ ဖြတ်သန်းခဲ့ရပြီး ထူးခြားတဲ့ ရှုခင်းတွေကြောင့် အမှတ်ရစရာ ဖြစ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံကနေ အိန္ဒိယကို သွားရောက်ရာမှာ လှပတဲ့ နေရာတွေကို အများအပြား တွေ့ခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။

The messenger
Previous
Next Post »
Powered by Blogger.