''ဦးမေတ္တာမဲပေးဖို့သွားတာ အမေနာမည်မှားနေလို့ ပြန်ပြင်လိုက်ရတယ်။ မဲ တွေမသေချာဘူးဆိုရင် ကိုယ်ကိုယ်တိုင်သွားစစ်ပါ။ ကြည့်မှသိမှာ။ မကြည့်ဘဲ အော်နေလို့ မရဘူး။ ကိုယ်ကိုယ်တိုင်သွားကြည့်ပြီး ကိုယ့်နာမည်ပါမပါစစ်ပါ။ အိမ်မှာထိုင်နေရင်းနဲ့တော့ သူများမှားတိုင်း လိုက်မှားလို့မရဘူး။ သူများယောင် တိုင်း လိုက်ယောင်လို့မရဘူး''လို့ မဲပေးမှုနဲ့ပတ်သက်ပြီး သရုပ်ဆောင် ဦးမေတ္တာ က ပြောပါတယ်။
လာမယ့် ၂ဝ၁၅ ရွေးကောက်ပွဲတွင် တက်လာမည့်သမ္မတ သစ်နဲ့ပတ်သက်ပြီး ဦးမေတ္တာက ''ကိုယ်ချက်တဲ့ထမင်း၊ ကိုယ်စားတဲ့ဆန်အိုးသန့် သန့်နဲ့ ချက်ချင်ပါတယ်။ ကိုယ်ချက်ပြီးသားထမင်းကိုလဲ ကောင်းကောင်း အရသာ ရှိရှိနဲ့စားချင်ပါတယ်။ ကိုယ့်အပေါ်ကိုဘယ်လောက်ကောင်းမလဲ။ အိမ်ထောင်ရှင်မ ငါ့အပေါ်ဘယ်လောက်ကောင်းမလဲ။ သူငါ့အပေါ်ကောင်းရင် သူ့အပေါ် ငါဘယ် လောက်ပြန်ကောင်းရမယ်ဆိုတာ အိမ်ထောင်ဖက်မှာလဲရှိပါတယ်။
အဲဒီလိုပဲ နိုင်ငံ့ခေါင်းဆောင်ရွေးတဲ့အခါမှာလဲ ငါ့အပေါ်ဘယ်လောက်ကောင်းမလဲ။ ပြည်သူ့ အပေါ်မှာ ဘယ်လိုရှိမလဲဆိုတာ ကြည့်ရတယ်။
ဥပမာ-ရိုင်းလိုက်တဲ့လေပွေ သီချင်းလေးလိုပေါ့။ ကြိုးမပါဘဲနဲ့ အပေါ်ပြန်မတက်နိုင်ဘူး။ ပြည်သူမဲတစ်မဲ သည် သူတို့အတွက် တန်ဖိုးရှိတယ်။ လှေကားဆိုတာ တစ်ထစ်ချင်းတက်ရတာ။ ခုန်တက်လို့လဲမရဘူး။ အခြေခံခိုင်ခိုင်လေးနဲ့သွားလို့ရှိရင် ခိုင်မြဲလိမ့်မယ်။ အဲလို အသိလေးတွေရှိဖို့လိုတယ်။ ဦးမေတ္တာကတော့ ကိုယ်ကျင့်တရားကောင်းတဲ့သူ၊ တိုင်းပြည်အပေါ် ပြည်သူအပေါ်တလေးတစားနဲ့တန်ဖိုးထားတဲ့သူကိုတော့ လိုချင် ပါတယ်။ ဟန်ဆောင်မှုတွေလဲ ကင်းကြပါစေ''လို့ ဦးမေတ္တာက ဆိုပါတယ်။
သုသော်ဒီ | Yangon Media Group
Sign up here with your email
ConversionConversion EmoticonEmoticon