![]() |
သတင်းစာရှင်းလင်းပွဲ၌ တွေ့ရသည့် BTS အဖွဲ့ (ဓာတ်ပုံ− ဇွဲဉာဏ်) |
‘‘လက်မှတ်တွေ တော်တော် များများရောင်းရပြီး ပရိသတ်တွေ ကိုယ်တိုင်လည်း စိတ်ပျက်ခဲ့ပါ တယ်။ အဲဒီအပြင် ကိုရီးယားလူ မျိုးတွေအပေါ်မှာလည်း ယုံကြည် မှုပျောက်ပျက်နိုင်ပြီး ကိုရီးယား လူမျိုးဖြစ်တဲ့ ကျွန်တော်ကိုယ်တိုင် လည်း အရှက်များစွာ ရခဲ့ပါတယ်။ မြန်မာကေပေါ့ပ် Fan တွေက ကေပေါ့ပ်ကို ကြိုက်သလို ကျွန် တော်တို့ကလည်း မြန်မာလူမျိုး တွေကို စိတ်ပျက်မှုမဖြစ်စေချင်ပါ ဘူး။ အဲဒါကြောင့် မြန်မာမှာနေ ထိုင်တဲ့ ကိုရီးယားလူမျိုးတွေ စု ပေါင်းပြီး ဒီပွဲဖြစ်မြောက်အောင် ဆက်လက် ဆောင်ရွက်ခဲ့ပါ တယ်’’ဟု မြန်မာနိုင်ငံရောက် ကို ရီးယား လူမျိုးများ အဖွဲ့အစည်း ဥက္ကဋ္ဌ မစ္စတာ အီဂျောင်ဂူက ဇွန် လ ၁၆ ရက် နေ့လယ်တွင်ပြုလုပ်ခဲ့ သော စာနယ်ဇင်းရှင်းလင်းပွဲတွင် ပြောကြားသည်။
ယင်းဖျော်ဖြေပွဲကို မြန်မာ- ကိုရီးယား နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး နှစ် (၄၀) ပြည့် အထိမ်း အမှတ်အဖြစ် ပြုလုပ်ခြင်းဖြစ်ပြီး ဖျော်ဖြေပွဲကို ဦးဆောင်ကျင်းပသော ကုမ္ပဏီတစ်ခုဖြစ်သည့် HanBeak ကုမ္ပဏီသည် ယင်းဖျော်ဖြေပွဲလက်မှတ်ရောင်းရငွေ များအား ယူဆောင်ထွက်ပြေး သွားသောကြောင့် ဖျော်ဖြေပွဲကို မြန်မာနိုင်ငံရောက် ကိုရီးယားလူမျိုးများ အဖွဲ့အစည်းက Tiger Fate ကုမ္ပဏီနှင့် ပူးပေါင်းဆောင် ရွက်ခဲ့ခြင်းဖြစ်သည်ဟု ဇွန်လ ၁၆ရက် နေ့လယ်၌ ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ပြော ကြားခဲ့သည်။
HanBeak ကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ကေပေါ့ပ်ဖျော် ဖြေပွဲကို ပထမဆုံးစီစဉ်ကျင်းပခဲ့ သည့် ကုမ္ပဏီတစ်ခုဖြစ်ပြီး ၂၀၁၄က ကေပေါ့ပ်ဖျော်ဖြေပွဲ နှစ်ကြိမ်ကျင်းပပြုလုပ်ခဲ့သည်။ ပထမ တစ်ကြိမ် ကျင်းပသည့် ဖျော်ဖြေပွဲမှာ အောင်မြင်မှု ရရှိခဲ့သော်လည်း ဒုတိယအကြိမ် ဖျော်ဖြေပွဲမှာမူ ပရိသတ်စိတ်ဝင်စားမှုနည်းသည့် ဖျော်ဖြေပွဲဖြစ်ခဲ့သည်။
ဖျော်ဖြေပွဲကို ဇွန်လ ၁၆ ရက်ညက ရှင်စာပုလမ်းရှိ My−anmar Event Park ၌ ပြုလုပ်ခဲ့ပြီး ဖျော်ဖြေပွဲတွင် တောင်ကိုရီးယား နာမည်ကျော် ကေပေါ့ပ်အဖွဲ့များဖြစ်သည့် BTS နှင့် Ailee တို့အပါအ၀င် Nonic၊ A.KOP နှင့် HALO အဖွဲ့တို့ ပါဝင်ဖျော်ဖြေခဲ့ကြသည်။
ဇွဲဉာဏ် - 7day daily
Sign up here with your email
ConversionConversion EmoticonEmoticon