အဲဒီ မာဖီးယားဂိုဏ်းဟာ သြစတြေးလျမှာ တရားဝင်ရော တရားမဝင်တဲ့ လုပ်ငန်းတွေပါ လုပ်နေတာ ဖြစ်ပါတယ်။ (Credit: ABC) |
Calabrian Mafia ဆိုတဲ့ မူးယစ်ဆေးဝါး ကုန်ကူးတဲ့ လူဆိုးဂိုဏ်းနဲ့ သြစတြေးလျနိုင်ငံက ထိပ်သီး နိုင်ငံရေး သမားတွေအကြား ဆက်နွယ်မှု ရှိတဲ့အကြောင်းကို အေဘီစီ သတင်းဌာနရဲ့ Four Corners နဲ့ Fairfax သတင်းစာတို့ ပူးပေါင်း စုံစမ်းမှုကနေ သိရှိရတာ ဖြစ်ပါတယ်။
အဲဒီ လူဆိုးဂိုဏ်းဟာ သူတို့ရဲ့ လုပ်ငန်းတွေနဲ့ သူတို့အပေါ် လူတွေ အမြင်ကောင်းအောင် နိုင်ငံရေး သမားတွေနဲ့ ပေါင်းပြီး လုပ်ဆောင်နေတာကို တွေ့ရှိခဲ့ကြတာပါ။
အဲဒီ မာဖီးယား ဂိုဏ်းဟာ ကမ္ဘာပေါ်မှာ အာဏာအရှိဆုံး ဂိုဏ်တစ်ခုဖြစ်ပြီး နိုင်ငံတကာ မူးယစ်ကုန်ကူးနေတဲ့ အဖွဲ့ကြီး ဖြစ်ပါတယ်။
သြစတြေးလျနိုင်ငံမှာတော့ တရားဝင် လုပ်ငန်းတွေဖြစ်တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက် ရောင်းတဲ့ လုပ်ငန်းတွေအပြင် တရားမဝင်တဲ့ မူးယစ်ဆေးဝါးတွေကို ကုန်ကူးတဲ့ လုပ်ငန်းတွေကို တွဲလုပ်တဲ့အဖွဲ့ ဖြစ်ပါတယ်။
လူဆိုးဂိုဏ်းဝင်တွေနဲ့ အဆင့်မြင့် နိုင်ငံရေးသမားတွေအကြား စီးပွားရေး ပူးပေါင်းမှုတွေ၊ ကုန်သွယ်မှုတွေ ရှိနေတာ ဖြစ်ပြီး ဂိုဏ်းခေါင်းဆောင်တစ်ယောက်ဆိုရင် ဝန်ကြီးချုပ်ဟောင်း John Howard နဲ့တောင် တွေ့ဆုံခွင့် ရခဲ့ပါတယ်။
အဲဒီလူက လူဆိုးဂိုဏ်းဝင်ဆိုတာ ဝန်ကြီးချုပ်ဟောင်း သိသိကြီးနဲ့ ပေါင်းတယ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး။
လူဆိုးဂိုဏ်းခေါင်းဆောင် တစ်ယောက်ရဲ့သားဆိုရင် အီတလီနိုင်ငံက သြစတြေးလျ သံရုံးမှာ အလုပ်သင်အဖြစ်တောင် လုပ်ဆောင်ခဲ့ဖူးပါတယ်။
အဲဒီအချိန်တုန်းက လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဟောင်း Amanda Vanstone က သံအမတ်အဖြစ် အမှုထမ်းဆောင်စဉ်က ဖြစ်ပါတယ်။
အဲဒီအချိန်တုန်းက အဲဒီ မာဖီးယား လူဆိုးဂိုဏ်းအကြောင်းနဲ့ ပတ်သက်ပြီး အီတလီနဲ့ သြစတြေးလျ အစိုးရတို့ အပြန်အလှန် ဆက်သွယ် ဆွေးနွေးတဲ့အချိန်နဲ့ တိုက်ဆိုင်နေပါတယ်။
လူဆိုးဂိုဏ်းခေါင်းဆောင်ရဲ့ သားက အလုပ်သင် ဘဝမှာ သူ့ဖခင်နဲ့ သူ့ဖခင် ဦးဆောင်တဲ့ အဖွဲ့အကြောင်း ရေးသားထားတာကို ဖတ်ရှုခွင့် ရမရတော့ မသိရပါဘူး။
လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဟောင်း Amanda Vanstone ဟာ အီတလီနိုင်ငံက ရာဇာဝတ်ဂိုဏ်း ခေါင်းဆောင် တစ်ယောက်ကို သြစတြေးလျနိုင်ငံထဲ ပြည်ဝင်ခွင့် ပေးခဲ့တဲ့အပေါ်မှာလည်း စုံစမ်းစစ်ဆေး ခံနေရပါတယ်။
လူဆိုးမှန်း မသိလို့ ပြည်ဝင်ခွင့် ပေးတာလား ဆိုတာကို စုံစမ်းနေကြတာ ဖြစ်ပါတယ်။
ABC Radio Australia
Sign up here with your email
ConversionConversion EmoticonEmoticon