လေ့လာသူအဖွဲ့ဟာ ကနေဒါနိုင်ငံသားကလေးပေါင်း ၃၇၅၇၇ ဦးအား မွေးစမှ အသက် ၁၁ နှစ်အထိ အဆင့်အတန်းအမျိုးမျိုးမှကလေးများနှင့် ၎င်းတို့၏မိဘများ ကြားဆက်ဆံမှုကို စောင့်ကြည့်ခဲ့သည်။ထို့နောက် မိဘများအား သားသမီးအုပ်ထိန်းမှု နှင့်ပတ်သက်၍ မည်ကဲ့သို့သဘော ထားကြောင်း မေးခွန်းများမေးခဲ့ပြီး ကလေးများ၏ ခန္ဓာကိုယ်အလေးချိန် နှင့်အရပ်အချိုးအစား BMI အား တိုင်းခဲ့ကြသည်။
ရလဒ်များအရ အကျိုးအကြောင်းပြောဆိုရှင်းပြခြင်း မလုပ်ဘဲ စည်းမျဉ်းများချမှတ်ထားသော မိသားစုမှ ကလေးများသည် အသက် ၂ နှစ်မှ ၅ နှစ်အတွင်း အ၀လွန်နိုင်ချေ ၃၀%ပိုများပြီး အသက် ၆ နှစ်မှ ၁၁ နှစ်အတွင်းတွင် ၃၇% ထိပိုများလာကြောင်း တွေ့ရသည်။ မိသားစု၏၀င်ငွေအဆင့်အတန်း၊ ပတ်ဝန်းကျင်အသိုင်းအ၀န်းတို့ကလည်း BMI အပေါ် သက်ရောက်မှုရှိပေမယ့် မိဘအုပ်ထိန်းမှုပုံစံကသာ ကလေးများ၏ကိုယ်အလေးချိန် အပေါ်သက်ရောက်မှုအရှိဆုံးဖြစ်ကြောင်း တွေ့ခဲ့ရသည်။
အ၀င်း - Health Updates Journal
Sign up here with your email
ConversionConversion EmoticonEmoticon