AIDS ဖြစ်ပွားမှု နှုန်းမှာ ဥရောပ၊ သြစတြေးလျ၊ အမေရိက အစရှိသည့် အနောက် နိုင်ငံကြီး များတွင် လျော့ကျ လာသော်လည်း ရုရှားနိုင်ငံတွင်မှု HIV/ AIDS ကူးစက်ရောဂါ တားဆီး နှိမ်နင်းရေး စီမံချက်များ အောင်မြင်ခြင်း မရှိခဲ့သည့် အတွက် ယခုအခါ ကမ္ဘာပေါ်တွင် HIV/ AIDS ကူးစက် ဖြစ်ပွားမှုနှုန်း အများဆုံးနိုင်ငံ ဖြစ်လာကြောင်း သိရသည်။
HIV/ AIDS တိုက်ဖျက်ရေးနှင့် ပတ်သက်၍ ရုရှားက နှစ်ပေါင်းများစွာ အသံတိတ် နေရာမှ ယခုအခါ တစ်နိုင်ငံလုံး ကြုံတွေ့ ခံစားနေရသည့် ကပ်ရောဂါ ဆိုးကြီး ဖြစ်လာကြောင်း၊ HIV/ AIDS ကူးစက်ခံရသူ ဦးရေမှာ ကြောက်ခမန်း လိလိ တက်လာပြီ ဖြစ်ကြောင်း မော်စကို အခြေစိုက် ဖက်ဒရယ် အေအိုင်ဒီအက်စ် စင်တာ အကြီးအကဲ ဗာဒင်မ် ပိုကိုရော့ဗ်စကီ က ထုတ်ဖော် ပြောကြား လိုက်သည်။
ရုရှားတွင် လက်ရှိ HIV/ AIDS ကူးစက်မှု ခံထားရသူ တစ်သန်းခန့် ရှိနေပြီး ကူးစက်မှု နှုန်းမှာ တစ်နှစ်ပြီး တစ်နှစ် ပို၍များ လာနေကြောင်း၊ အာဖရိက တိုက်ငယ်တွင် ကူးစက်ခံ ရသူဦးရေမှာ နှစ်စဉ် ကျဆင်း နေကြောင်း၊ ရုရှားနိုင်ငံ အနေဖြင့် HIV/ AIDS အန္တရာယ်ကို လျှော့တွက် ထားပုံရပြီး လူထုမှာလည်း အလေးအနက် ထားရှိမှု အားနည်း သောကြောင့် ယခုကဲ့သို့ ဆိုးရွားစွာ ကူးစက် ပြန့်ပွားမှု ဖြစ်ရခြင်း ဖြစ်နိုင်ကြောင်း ကျွမ်းကျင်သူ များက ထောက်ပြသည်။
ယမန်နှစ်က ကမ္ဘာတစ်ဝန်း HIV/ AIDS ကူးစက်ခံ ရသူဦးရေမှာ ရုရှားတွင် ဦးရေ ၉ဝဝဝဝ ရှိခဲ့ပြီး ဂျာမနီတွင် ဦးရေ ၃ဝဝဝ သာရှိခဲ့ကြောင်း၊ ဂျာမနီမှ လူဦးရေသည် ရုရှားထက် တစ်ဝက်ခန့်သာ ရှိသည့် အချိုးအစား ဖြင့်တွက်လျှင် ရုရှား၏ ရောဂါ ကူးစက်မှု နှုန်းမှာ အဆပေါင်း များစွာ ပိုနေသေးသည် ကို တွေ့ရကြောင်း သိရသည်။
''ဒီမှာ အဆိုးဆုံး ကတော့ ကိုယ့်မှာ HIV/ AIDS ရှိနေတယ် ဆိုတာ စစ်ဖို့လည်း မကြိုးစားကြ သလို ရှိနေမှန်း သိသိနဲ့ ဘယ်သူ့ကိုမှ မပြောပြဘဲ သာမန်လူလို နေထိုင်၊ အိပ်စားနေတော့ ကူးစက်မှုနှုန်း အလွန်မြင့်မား လာတာ ဖြစ်ပါတယ်'' ဟု ပိုကိုရော့ဗ်စကီ က ဆက်လက် ပြောပြသည်။
PyiChitThar
Sign up here with your email
ConversionConversion EmoticonEmoticon