အမြန်လမ်းရှိ ပျက်စီးနေသည့် ရောင်ပြန်တုံးငယ်လေးများကြောင့် ယာဉ်အန္တရာယ်ရှိနိုင်မှု လူမှုစာမျက်နှာမှတစ်ဆင့်တင်ပြချက်ကို သက်ဆိုင်ရာ က အချိန်နှင့်တစ်ပြေးညီပြုပြင်


ရန်ကုန်-မန္တလေး အမြန်လမ်းရှိ ပျက်စီးနေသည့် ရောင် ပြန်တုံးငယ်လေးများကြောင့် ယာဉ် အန္တရာယ်ရှိနိုင်ကြောင်း ဖေ့စ်ဘွတ်ခ် သုံးစွဲသူတစ်ဦးက လူမှုစာမျက်နှာမှ တစ်ဆင့် တင်ပြချက်ကို အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီး ကြပ်ရေးအဖွဲ့က အချိန်နှင့်တစ်ပြေး ညီ ပြုပြင်ပေးခဲ့ကြောင်း သိရသည်။

Hein Moe Htet အမည်ရှိ Facebook သုံးစွဲသူတစ်ဦးက တာဝန်ရှိသူများနှင့် ယာဉ်မောင်းများသို့ ရည်ညွှန်းပါသည်ဟုဆိုကာ ရန်ကုန်- နေပြည်တော်-မန္တလေး အမြန်လမ်း မကြီး၏ နှစ်လမ်းသွားအလယ်မှ အ ဖြူရောင် မျဉ်းပြတ်စည်းပေါ်မှ ရောင် ပြန်တုံးအချို့ ပျက်စီးနေမှုကြောင့် ယာဉ်အန္တရာယ် များ ဖြစ်ပေါ်နိုင်သည် ဟု မေ ၂၄ ရက်တွင် သူ၏လူမှုကွန် ရက်စာမျက်နှာတွင် ဖော်ပြချက်အား အမြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီးကြပ်ရေးအဖွဲ့က အချိန် နှင့်တစ်ပြေးညီ တွေ့ရှိသည်နှင့် ချက် ချင်းပင် ပြုပြင်ခဲ့ခြင်းဖြစ်သည်ဟု အ မြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေး နှင့် ကြီးကြပ်ရေးအဖွဲ့မှ သိရသည်။

''ကျွန်တော်တို့ အမြန်လမ်းထိန်း သိမ်းရေးနှင့် ကြီးကြပ်ရေးအဖွဲ့က ဒီလိုတင်ထားတာတွေ့တာနဲ့တစ်ပြိုင် နက် ချက်ချင်းပြုပြင်ဖို့ဆောင်ရွက်ခဲ့ ကြတာပါ။ အမြန်လမ်းမကြီးမှာ တစ် ခုခုပျက်စီးနေတာများတွေ့ရင် ကျွန် တော်တို့အဖွဲ့ကိုဆက်သွယ်ပါ၊ အချိန် နဲ့တစ်ပြေးညီ ပြင်ပေးပါမယ်''ဟု အ မြန်လမ်းမကြီး ထိန်းသိမ်းပြုပြင်ရေး နှင့် ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

အမြန်လမ်းမကြီး၏ နှစ်လမ်း သွားလမ်းအလယ်၌ ယာဉ်ကြောရေး ဆွဲထားသော အဖြူရောင်မျဉ်းပြတ် စည်းပေါ်တွင်တပ်ဆင်ထားသည့် (Cat Eye) ရောင်ပြန်မီးကျောက်တုံး များသည် အမြန်လမ်းမကြီးတစ် လျှောက် ၃၆၆/၃ မိုင် (အသွားလမ်း/ အပြန်လမ်း) နှစ်ဖက်တွင် စုစုပေါင်း ၁၁၇၀၀၀ ကျော် တပ်ဆင်ထားခဲ့ သည်။ ၎င်းမီးကျောက်တုံး (Cat Eye) အချို့သည် နှစ်ကာလကြာမြင့် စွာ အသုံးပြုထားပြီးဖြစ်သဖြင့် ပျက်စီးယိုယွင်းမှု များရှိလာပါ၍ အမြန်လမ်း မကြီး ထိန်းသိမ်းပြုပြင်ရေးနှင့် ကြီး ကြပ်ရေးအဖွဲ့မှ လမ်းအပိုင်းလိုက် တာ ဝန်ခံအင်ဂျင်နီယာများသည် မိမိလမ်း အပိုင်းအား အပတ်စဉ်စစ်ဆေးပြီး ချောင်နေပါကကြပ်ခြင်း၊ အသစ်လဲလှယ်တပ်ဆင်ခြင်း၊ အသစ်လဲလှယ် နိုင်ခြင်းမရှိသေးပါက ဖြုတ်သိမ်း ခြင်းစသည့်လုပ်ငန်းများ ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အမြန်လမ်းမကြီးထိန်းသိမ်းပြု ပြင်ရေးအဖွဲ့၊ ညွှန်ကြားရေးမှူး (မြို့ ပြ)ရုံး၊ ဖုန်းအမှတ် ဝ၉-၂၅၀၉၀၂၀၀၄၊ ဝ၉-၂၅၀၉၀၂၀၀၅ နှင့် ဝ၉-၈၅၉ ၁၇၅ရ ဖုန်းများသို့ ဆက်သွယ်သ တင်းပို့နိုင်သည်ဟု ယင်းက ပြောသည်။

NH(Kalaymyo) - ‎Democracytoday‬
Previous
Next Post »
Powered by Blogger.