အမေရိကန်ပြည်ထောင်စု မီချီဂန်မြို့တော် အော့ခါဝ်ုဆေးရုံက ခွဲစိပ်ဆရာဝန်တွေရဲ့ မှားယွင်းတဲ့ ခွဲစိပ်ကုသမှုကြောင့် အဘွားအိုအမျိုးသမီးကြီး အသက်ဆုံးရှုံးခဲ့ရတဲ့အ တွက် ဆေးရုံမှ သေဆုံးသူမိသားစုဝင်သားသမီးတွေထံ လျှော်ကြေး ဒေါ်လာ ၂၁သန်း ပေးရမယ် လို့သိရပါတယ်။
အသက် ၈၁ နှစ်အရွယ်ရှိ အိန္ဒိယအဘွားအို ဘင်မ်လာ နေယာ ကမေးရိုးချိတ် ဆက်မှု လွဲချော်ခြင်း ဝေဒနာကြောင့် အသေးစားကုသမှုအတွက် ဆေးရုံတက်ကုသမှုခံယူခြင်းမှ ဆရာဝန်တွေရဲ့ CTမှတ်တမ်းတင်ရိုက်ကူခြင်းရလာဒ်ဖော်ပြချက်အရ မေးရိုးလွဲချော်မှု မဟုတ်ပဲ ဦးနှောက်သွေးယိုစီးမှု ဖြစ်နေကြောင်းစစ်ဆေးတွေ့ရှိကြောင်းဆိုကာဦး နှောက်ခွဲစိပ်မှု
ပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။
ယင်းသို့မှားယွင်းတဲ့ ခွဲစိပ်မှုအတွက် အကောင်းပကတိအတိုင်းရှိနေတဲ့ လူနာရဲ့ ဦး နှောက်ကို လွန်သွားဖြင့် ငါးချက် ထိုးခွဲစစ်ဆေးခဲ့ပြီး ဦးနှောက်အစိတ်အပိုင်းအချို့ကို ဖယ်ရှားပစ်ခဲ့ကြတာပဲဖြစ် ပါတယ်။ ထိုသို့ခွဲစိပ်မှုပြလုပ်ပြီး ဆေးရုံမှဆင်းလာပြီးနောက် ရက်ပေါင်း ခြောက်ဆယ်အကြာမှာ အဘွားအိုသေဆုံးသွားခဲ့ပါတယ်။ သေဆုံးသူရဲ့အရိုး ပြာအိုးနဲ့ ဈာပနအခမ်းအနားကိုတော့ မွေးရပ်မြေ အိန္ဒိယမှာပဲ ပြုလုပ်မှာဖြစ်ပါတယ်။
သေဆုံးသွားတဲ့ လူနာရှင်ရဲ့ တရားလိုရှေ့နေရဲ့ပြောကြားချက်အရ သူ့ရဲ့ရှေ့နေ လုပ်လာတဲ့ နှစ်ပေါင်း ၃၀ ကျော်ကာလမှာ ယင်းသို့ကြီးမားတဲ့မှားယွင်းမှုမျိုး မကြံဖူး သေးကြောင်းနဲ့ လူနာတွေ ကို အသက်ချမ်းသာရာရအောင်ကယ်တင်ပေးတဲ့ ဆရာဝန် တွေက လူနာရဲ့အသက်ကို ဆုံးရှုံးရလောက်အောင် မှားယွင်းတဲ့ လွဲချော်မှုမျိုးကိုပို၍ တာဝန်ကြီးကြောင်း သန်းနဲ့ ချီတဲ့လျှော်ကြေးငွေကို ပေးလျှော်ရမှာဖြစ်ကြောင်းဆိုပါ တယ်။
ဖိုးသူတော်
Sign up here with your email
ConversionConversion EmoticonEmoticon