မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ ပထမဆုံး အစည်းအဝေးကို မနေ့က တံခါးပိတ်ဆွေးနွေးခဲ့သည်။ အထူးသဖြင့် လှေစီးဒုက္ခသည်များအရေး ဆွေးနွေးကြကြောင်း အစည်းအဝေး တက်ရောက်သူများကို ကိုးကားပြီး သတင်းများက ဆိုသည်။ ကုလသမဂ္ဂ၏ လူ့အခွင့်အရေးကောင်စီ အကြီးအကဲ Zeid Ra'ad Al Hussein က ဗီဒီယိုလင့်မှ တဆင့် လုံခြုံရေးကောင်စီ အစည်းအဝေးသို့ အကျဉ်းချုပ် တင်ပြခဲ့ကြောင်း သိရသည်။
ရုရှကိုယ်စားလှယ်က လုံခြုံရေးကောင်စီသည် လူ့အခွင့်အရေးဖိုရမ် မဖြစ်သင့်ကြောင်း ပြောပြီး တရုတ်ကိုယ်စားလှယ်ကလည်း ပြသနာမှာ ပြည်တွင်းရေးသာ ဖြစ်သည်ဟု ပြောကြောင်း သိရသည်။ သို့သော် လှေစီးဒုက္ခသည် အကျပ်အတည်း ဖြေရှင်းရေး ဒေသတွင်းနိုင်ငံများ၏ ဘန်ကောက်အစည်းအဝေးကို လုံခြုံရေးကောင်စီဝင်များက ကြိုဆိုကြောင်း သိရသည်။
Sign up here with your email
ConversionConversion EmoticonEmoticon