အခြားသူရဲ့ မင်္ဂလာဆောင်မှာ ချစ်သူကို လက်ထပ်ခွင့်တောင်း


လက်ထပ်ခွင့်တောင်းတဲ့ အထဲမှာ ဒီလို မျိုးကိုတော့ ကြုံတွေ့ဖူးမှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အမျိုးသားတစ်ဦးဟာ သူ့ရဲ့ချစ်သူကို လက်ထပ်ခွင့် တောင်းရာ မှာ အခြားသူရဲ့မင်္ဂလာပွဲမှာ ဖြစ်နေ တာကြောင့် ဖြစ်ပါတယ်။ မင်္ဂလာပွဲပြု လုပ်တဲ့ အချိန်မှာ အနှောင့်အယှက် ဖြစ်စေမယ့် အပြုအမူတွေ ရှောင်တတ်ကြပေမယ့် အဲဒီအမျိုးသားက ဘယ်သူမှ ဂရုမစိုက်ဘဲ မင်္ဂလာဆောင်မှာရှိတဲ့ သတို့သားနဲ့ သတို့သမီးရှေ့မှာ ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။

ဒီမြင်ကွင်းကို ဓာတ်ပုံရိုက် ဖော်ပြခဲ့တာဖြစ်ပြီး၊ လူမှုကွန်ရက်တွေမှာ လူဟြေများတဲ့ အကြောင်းအရာဖြစ်သွား ပါတယ်။ ဒီဓာတ်ပုံကို ကြည့်ရူသူ အရေအတွက် သန်းနဲ့ချီရှိပြီး ဝေဖန်မှတ်ချက်ပြု ထားတဲ့ အကြိမ်အရေအတွက်ကလည်း ထောင်နဲ့ချီရှိပါတယ်။ အမျိုးသား တစ်ဦး ဟာ လက်ထပ်လက်စွပ်ကိုယူပြီ ချစ်သူဖြစ် သူကို ဒူးထောက်ပြီး လက်ထပ်ခွင့် တောင်း တာဖြစ်ပြီး၊ မင်္ဂလာပွဲမှာ ရှိနေတဲ့ သတို့သား နဲ့ သတို့သမီးရှေ့မှာ ပြုလုပ်ခြင်းဖြစ်ပါတယ်။

ဒါဟာ ထူးဆန်းတဲ့အကြောင်းအရာဖြစ်ခဲ့ ပေမယ့် ဓာတ်ပုံပိုင်ရှင်က ဘယ်သူတွေလဲ၊ ဓာတ်ပုံထဲမှာ ပါဝင်တဲ့သူတွေက ဘယ်သူ တွေလဲဆိုတာ မသိရပါဘူး။ ဒါကြောင့် ဒေးလီးမေးလ် သတင်းစာက အကြောင်းစုံ သိတဲ့ သူကို အီးမေးလ်ကနေ တစ်ဆင့်ဟြေကြား နိုင်တယ်လို့ ဖိတ်ခေါ် ထားပါတယ်။

Messenger
Previous
Next Post »
Powered by Blogger.