အမျိုးသမီးတွေဟာ ချိုင်းမွေး၊ ခြေထောက်မွေးစတဲ့ ခန္ဓာကိုယ်မှာရှိတဲ့ မလိုအပ်တဲ့ အမွေးတွေကို ရိတ်ပစ်လေ့ ရှိပေမယ့် အင်္ဂလန်နိုင်ငံမှာ ရှိတဲ့ တက္ကသိုလ် ကျောင်းသူ တစ်ဦး ကတော့ အဲဒီလိုမျိုး ပြုလုပ်ခြင်း မရှိဘဲ အမွေးတွေကို ဒီအတိုင်း ထားတာကြောင့် အများအမြင်မှာ တစ်မျိုး ထူခြားနေ ပါတယ်။ အသက် (၁၉)နှစ်သာ ရှိသေးတဲ့ ယက်စမင်ဟာ ရက်ဒင်းမြို့မှာ နေ ထိုင်သူဖြစ်ပြီး၊ လီဗာပူးတက္ကသိုလ်မှာ ပညာသင်ကြားနေတာ ဖြစ်ပါတယ်။ ကွန်ပျူတာ သိပ္ပံနဲ့ စိတ်ပညာ ဘာသာကို သင်ယူနေတဲ့ ပထမနှစ်ကျောင်းသူ ယက်စမင်ရဲ့ အတွေး အခေါ်က အများနဲ့မတူဘဲ အမျိုးသမီးတွေ အမွေးတွေ ထားခြင်းဟာ ရှက်စရာအဖြစ် မယူဆထားဘဲ အသက် (၁၁)နှစ်လောက် ကတည်းက မရိတ်ဘဲ ဒီအတိုင်းထားခဲ့တယ်လို့ ကျောင်းက ထုတ်ဝေတဲ့ စာစောင် ထဲမှာ ရေးသားခဲ့ပါတယ်။
ယက်စမင်က အမျိုးသမီးတွေဟာ အမွေးတွေနဲ့ ပတ်သက်ပြီးရှက်နေသလိုမျိုး ဖြစ်နေကြောင်း၊ ထို့ကြောင့် အမွေးတွေကို ရိတ်ပစ်နေကြ ကြောင်း၊ မိမိကမူ ရှက်နေခြင်း မရှိဘဲ ဒီအတိုင်းထားသလို မုတ်ဆွေးမွေးလောက်ကိုသာ ရိတ်တတ်ကြောင်း၊ ယင်းမှာလည်း စိတ်အနှေင့်အယှက်ဖြစ်ခြင်း ကြောင့်ဖြစ်ကြောင်း၊ အချို့အချိန်များတွင် ဗိုက်မွေးတွေရှိနေပြီး သတိထားမိလာအောင် ရှည်နေပါက ရိတ်ပစ်တတ်ကြောင်း၊ ကျန်တဲ့ ချိုင်းမွေး၊ ပေါင်မွေး၊ ခြေထောက်မွေး၊ လက် မွေးတို့ကို လုံးဝမရိတ်ကြောင်း ဆိုခဲ့ပါတယ်။
ဒါပေမဲ့ ယက်စမင်က မဖြစ်မနေရိတ်ရမယ့် အခါမျိုးမှာတော့ ရိတ်ပစ်လေ့ရှိကြောင်း၊ သို့သော်လည်း မိမိအနေဖြင့် အမျိုးသမီးတွေကို မှာကြားချင်တာက အမွေးတွေကြောင့် အနှောင့်အယှက် မဖြစ်ရေး ဖြစ်ကြောင်း၊ အမျိုးသမီးများ၏ စစ်မှန်သော ကိုယ်ခန္ဓာကို ဖုံထားလို့ မရကြောင်း ဆိုခဲ့ပါ တယ်။ ယက်စမင် ဟာ သူ့ရဲ့ ခန္ဓာကိုယ်မှာ ရှိနေတဲ့ အမွေးတွေကို ပုံစံအမျိုးမျိုးနဲ့ ဓာတ်ပုံရိုက် ဖော်ပြခဲ့ပါသေးတယ်။
messenger
Sign up here with your email
ConversionConversion EmoticonEmoticon