သူမ ကိုယ့်ကို စိတ်ဝင်စားမှုရှိမရှိ သိနိုင်တဲ့ အချက် (၅) ချက်


မိန်းကလေးများစုဟာ သူတို့ကို လာပတ်သက်စေချင်နေပြီဆိုရင် သတိထားမိဖို့ ခက်ခဲတဲ့ အရိပ်အယောင်၊ အမူအရာတွေ လာပေးတတ်ကြတယ်။ ပါးနပ်မှုရှိပေမယ့် ကျွန်တော်တို့ရဲ့ နောက်ဆုံး သိရှိထားတဲ့ ဒီလို အချက်တွေကတဆင့် အကဲခတ်လိုက်မယ်ဆိုရင်တော့ မသိနိုင်လောက်တဲ့ တိတ်တခိုးနည်းတွေတော့ မရှိတော့ဘူးပေါ့။ သူမ ကိုယ့်ကို သဘောတွေ့ မနောခွေ့ဖြစ်နေပြီလားဆိုတာ ဒီအချက်လေးတွေ ကြည့်ရင်သိနိုင်ပါတယ်။

၁။ ပြုံးပြုံးလေးရှိနေခြင်း

သူမမြင်တွေ့နိုင်တဲ့ အကွာအဝေးမှာ ရောက်လာရင် ဘာကြောင့် သူမ ပြုံးစိစိဖြစ်နေလဲဆိုတာ အံ့သြမိနေပါလိမ့်မယ်။ ဘယ်သူမှ ရယ်စရာမပြောပေမယ့် သူမ အဆက်မပြတ် ပြုံးမြဲပြုံးနေပါလိမ့်မယ်။

၂။ မျက်လုံးချင်းဆုံခြင်း

မျက်လုံးချင်း စုံမိသွားတဲ့အချိန်မှာတောင် မျက်နှာလွဲလိုက်မယ့်အစား ဦးတည်ချက် မပြောင်းဘဲ ကြည့်မြဲအတိုင်း ဆက်လက်စူးစိုက်ကြည့်တတ်ကြပါတယ်။

၃။ သူငယ်ချင်းလာဖွဲ့ခြင်း

ကျောင်းဝင်းထဲ သူမနဲ့ ဆုံကြပြီဆိုပါစို့။ မင်းသူငယ်ချင်းတွေ သို့မဟုတ် မင်းဘေးနားရှိသူတွေနဲ့ သူမ မိတ်ဆွေ လာဖွဲ့နေတယ်ပေါ့။ ဒါတွေဟာ သင့်ကို အရိပ်အမွတ်တွေပေးနေတာပါ။

၎။ အခိုက်အတန့်

စာကြည့်တိုက် သို့မဟုတ် ခန်းမဆီ သွားဖို့ သူမ ရည်ရွယ်ချက် မရှိခဲ့ဘူး။ သို့ပေမယ့် သင်သွားတာ သူတွေ့တော့ သိအမှတ်ပြုခွင်ရမယ့်အချိန် မိမိခံစားချက်တွေကို သင်သတိထားမိစေဖို့ သူမလည်း သွားဖို့ စီစဉ်လာပါလိမ့်မယ်။

၅။ အစဉ်တစိုက် ချောင်းမြောင်းခြင်း

သူမက MTN (Mobile Telephone Network) မဟုတ်ပေမယ့် သင်ရောက်လေရာတိုင်းမှာ ရှိနေလိမ့်မယ်။ အားလပ်ချိန်၊ ရက် ဘယ်ချိန်ပြန်လာမယ်ဆိုတာတွေ အားလုံး သူမ အကုန်ကြိုသိနေပါလိမ့်မယ်။ ဒါကို တိုက်ဆိုင်မှုတစ်ခုလို့ သင်ထင်ကောင်းထင်နိုင်ပေမယ့် ၂၄ နာရီ သင်နဲ့အတူ သူမ ရှိနေတာပါ။

ပေါ်ထွန်း - Trend Myanmar
Previous
Next Post »
Powered by Blogger.