ဒီနေ့ညနေပိုင်းမှာ မဲဆောက်-မြ၀တီ ချစ်ကြည်ရေးတံတားထိုင်းဖက်ခြမ်းမှာ မြန်မာခရီးသည်တင်ကားတစီးပေါ်မှာ စိတ်ကြွဆေးပြား ၂ သိန်းနဲ့ ၆ သောင်းကို ထိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်တွေက သိမ်းဆီးရမိခဲ့ပါတယ်။
မြန်မာလူငယ်အမျိုးသား ၃ ဦးက ဒီကားကို မြ၀တီကနေ ထိုင်းဖက်ကို ဌားလာခဲ့တာဖြစ်ပြီး ထိုင်းဖက်ခြမ်းတံတားထိပ် စစ်ဆေးရေးဂိတ်မှာ ဒီကားပေါ်က ခရီးဆောင်အိတ်ကြီးနှစ်လုံးကို စစ်ဆေးရာကနေ တွေ့ရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီခရီးဆောင်အိတ် ပိုင်ရှင် ၃ ဦးကတော့ ထွက်ပြေးလွတ်မြောက်သွားပြီး ယာဉ်မောင်းဖြစ်သူ ကိုအောင်ကိုထွေး ကိုတော့ ထိုင်းအာဏာပိုင်တွေက ဖမ်းဆီးစစ်ဆေးနေပြီး ယာဉ်မောင်းကတော့ သူ့ကားကိုဌားလာလို့ ထိုင်းဖက်ခြမ်းကို လာပို့တာလို့ဆိုပါတယ်။
ကရင်အမျိုးသား- မီဒီယာ
Sign up here with your email
ConversionConversion EmoticonEmoticon