ပြင်းထန်တဲ့စိတ်ခံစားမှု၊ စိတ်ဖိစီးမှုများခံစားရလာခြင်းမှ သွေးမျက်ရည်များကျလာနိုင်


အမေရိကန်ပြည်ထောင်စု ဟာဝိုင်အီပြည်နယ်က မိန်းကလေးတစ်ဦးဟာ ရှားပါးပြီးဖြစ် တောင့်ဖြစ်ခဲ ရောဂါလက္ခဏာတစ်ခုကြောင့် မျက်လုံးထဲက မျက်ရည်ကျလိုက်တိုင်းမှာ အကြည်ရောင်မျက်ရည်အစား သွေးအနီရောင် မျက်ရည်တွေကျဆင်းနေတာပဲဖြစ်ပါ တယ်။

ယင်း အသက် ၂၄ နှစ်အရွယ်ရှိ မိန်းကလေးငယ် လင်နင်းအိုင်ကီးဒါးက ဒီရှားပါးတဲ့ရော ဂါလက္ခဏာ Gardner-Diamond Syndrome ခေါ် စိတ်ဖိစီးမှုများနှင့် စိတ်ဓာတ်ကျဆင်း မှုကြောင့်ဖြစ်တဲ့ ရောဂါကိုနှစ်နှစ်ကျော်ကြာခံစားရပြီးနောက်ပိုင်းမှာ အခုလိုရောဂါလက္ခ ဏာကို စတင်မြင်တွေ့ခံစားလာရတာဖြစ်ပါတယ်။

မျက်လုံးထဲက မျက်ရည်ကြည်အစား သွေးခဲအပျစ်အရည်တွေကျဆင်းလာပြီး ခန္ဓာကိုယ်ခြေလက် အရေပြားတွေမှာလဲ ညိုမဲ အရာ၊ အနီကွက် အညိုအကွက်များဖြစ်ပေါ်လာပြီး ထုရိုက်ခံထားရသလို နာကျင်မှုဝေ ဒနာကို ခံစားနေရတာပဲဖြစ်ပါတယ်။

လက်ရှိမှာ တာဝန်ခံဆရာဝန်တွေက ဒီမိန်းကလေးရဲ့ ယင်းကဲ့သို့ ရောဂါအခြေအနေကို ကုသနိုင်မယ့်နည်းလမ်းကို ရှာမတွေ့နိုင်သေးဘဲရှိနေပါတယ်။ စိတ်ပိုင်းဆိုင်ရာနာကျင် ခံစားရမှုက နေဖြစ်လာတဲ့ သွေးမျက်ရည်ကျဆင်းချိန်မှာဆိုရင် မျက်လုံးကဘယ်လိုနာ ကျင်ခံစား ရမှုများကို မခံစားရသော်လည်းပဲ ခန္ဓာကိုယ်မှာပေါ်ထွက်လာတဲ့အညိုကွက်၊ အတွင်း ကြေအနာရာတွေကတော့ ကိုက်ခဲနာကျင်နေရပြီး အကြောင်း ပြချက်မရှိပဲကျ ဆင်းလာကာ ညအိပ်ချိန်အချိန်မတော် ၁နာရီ ၂ နာရီ ကြားပိုင်းအတွင်းမှာပိုမိုအဖြစ်များ လေ့ရှိတယ်လို့ အမျိုးသမီးကဆိုပါတယ်။

ဖိုးသူတော်
Previous
Next Post »
Powered by Blogger.