ပန်းပွင့်ကို ထီးလို သဘောထားပြီး မိုးခိုနေသော ဖား


ဖားတစ်ကောင်ဟာ ပန်းပွင့်ကို ထီးလိုသဘောထားပြီး မိုးခိုနေတာကြောင့် အံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ်။ ဒီလိုမြင်ကွင်းကို မြင်တွေ့ရဖို့ ဆိုတာ အလွန်ခက်ခဲ ပါတယ်။ ဒါကို အင်ဒိုနီးရှားနိုင်ငံမှ ဓာတ်ပုံ ဆရာတစ်ဦးက အမိအရမှတ်တမ်းတင်နိုင်ခဲ့ ပါတယ်။ ဓာတ်ပုံဆရာ အနေနဲ့ အလွန်ထူး ခြားတဲ့ ပုံစံကို ရိုက်ယူနိုင်ခဲ့ပြီး ကံတရား ကြောင့် တိုက်ဆိုင်လွန်းလှတဲ့ပုံကို ရရှိခဲ့ တာဖြစ်ပါတယ်။

ဂျကာတာမြို့မှာ နေထိုင် တဲ့ ဓာတ်ပုံဆရာ အေဂျာဆီ တီယာဒီဟာ သူ့ရဲ့ အိမ်နောက်ဖေးပန်းခြံထဲမှာ ဒီမြင်ကွင်းကို ရိုက်ကူးနိုင်ခဲ့တာ ဖြစ်ပါတယ်။မိုးတွေ ရွာနေချိန်မှာ ဖားတစ်ကောင်ဟာ မိုးခိုဖို့ နေရာ ရှာဖွေ ခဲ့ပြီး လှပစွာပွင့်နေတဲ့ ပန်း တစ်ပွင့်အပေါ်ကို ခုန်တက်လိုက် ပါတယ်။ ပန်းပွင့်ရဲ့ အရိုးတံကို ဆုပ်ကိုင် ထားပြီး ပွင့်ဖတ်ရဲ့ အောက်မှာ မိုးခိုခဲ့ခြင်းဖြစ်ပါ တယ်။ ဖားဟာ ပန်းပွင့်ကို ထီးလို သဘောထားပြီး မိုးခိုနေခြင်း ဖြစ်ပါတယ်။

ဒီအချိန်မှာ အခြား ဖားတစ်ကောင် ရောက်ရှိ လာပြီး မိုးခိုမှုပြုလုပ်ခဲ့ပါတယ်။ အသက် (၄၇)နှစ်ရှိ ပြီဖြစ်တဲ့ ဓာတ်ပုံဆရာက မိမိအနေဖြင့် ရှားပါးစွာ မြင်တွေ့ရတဲ့ အခိုက်အတန့် ကာလမှာ ဖားတွေနဲ့ ဆော့ကစားသလို ဖြစ်ခဲ့ကြောင်း၊ အသံမကြားအောင် တိတ် တဆိတ်နေထိုင်ခဲ့ရကြောင်း၊ ဖားတစ် ကောင်က ပန်းပွင့်ပေါ်တက်ပြီး နောက် အခြားတစ်ကောင်ကပါ လိုက်တက်ပြီး ရေမစိုအောင် ကြိုးစားခဲ့ကြောင်း၊ စိတ်လှုပ်ရှားစရာ အခိုက်အတန့်ဖြစ်ခဲ့ပြီး ဓာတ်ပုံ ရိုက်ရန် မေ့လျော့နေခဲ့ကြောင်း၊ မိမိ အနေဖြင့် အလွန်ချစ်စရာ ကောင်းသည့် မြင်ကွင်းကို တွေ့ရှိခဲ့ခြင်း ဖြစ်ကြောင်း ဟြေကြားခဲ့ပါတယ်။ ဒီဓာတ်ပုံတွေကို ဒေးလီးမေးလ် သတင်းစာမှာ ဖော်ပြမှု ပြုလုပ်ခဲ့ ပါတယ်။

messenger
Previous
Next Post »
Powered by Blogger.