ပြတ်စဲဖို့လုပ်နေတဲ့ ဘန်အက်ဖလက်နဲ့ ဂျနီဖာဂါနာ



ဟောလိဝုဒ် လောက၏ နာမည်ကျော်စုံတွဲတစ် တွဲဖြစ်သော ဘန်အက်ဖလက်နှင့် ဂျနီဖာဂါနာတို့ ဇနီးမောင်နှံ အိမ် ထောင်ရေးမှာ အဆင်မပြေဖြစ် နေသည်ဟု သတင်းများပေါ်ထွက် လျက်ရှိသည်။ ၎င်းတို့အိမ်ထောင် ရေးမှာ ပြိုကွဲမည့်ဆဲဆဲအခြေ အနေတွင်ဖြစ်နေသည်ဟု သတင်းများက ယခုသီတင်းပတ်အတွင်း ဖော်ပြသည်။

၂၀၀၅ တွင် လက်ထပ်ခဲ့ကြ ပြီး သားသမီးသုံးဦးထွန်းကား ထားသော ၎င်းတို့စုံတွဲမှာ သီးခြားစီခွဲနေကြောင်းနှင့် အမေရိကန် ဒေါ်လာ သန်း ၁၅၀ တန်ကြေးရှိကွာရှင်းပြတ်စဲမှုသို့ ဦးတည်နေ ကြကြောင်း သတင်းကဖော်ပြ သည်။ ဘန်အက်ဖလက်သည် ဇွန်လ ၂၉ ရက်တွင် ကျရောက် မည့် ၎င်းတို့မင်္ဂလာသက်တမ်း (၁၀)နှစ်ပြည့်မတိုင်မီ လမ်းခွဲမည့်အကြောင်းကို တရားဝင် ကြေညာလိုသည်ဟု သတင်းကဖော်ပြသည်။ သို့မှသာ ၎င်း၏ ရုပ်ရှင် ဇာတ်ကားသစ် Batman V Superman: Dawn Of Justice ပရိုမိုးရှင်းပွဲများမတိုင်မီ မီဒီယာ အာရုံစိုက်မှုများလျော့သွားမည် ဟုယူဆကြောင်း ယင်းသတင်းက ဖော်ပြသည်။

၎င်းတို့စုံတွဲအတူတွဲလျက် ဓာတ်ပုံအရိုက်မခံသည်မှာ တစ် လကျော်ကြာသွားပြီဟု သတင်းများက ဖော်ပြသည်။ ရွှေကမ္ဘာ လုံးဆုရသရုပ်ဆောင်မင်းသမီး ဂျနီဖာဂါနာသည် လောင်းကစား ကို အထူးခုံမင်သော ခင်ပွန်းဖြစ် သူ ဘန်အက်ဖလက်နှင့် ကွာရှင်း ၍ သားသမီးများကို အုပ်ထိန်းခွင့် ရရှိရန် အစီအစဉ်ရှိသည်ဟု ၎င်း တို့ဇနီးမောင်နှံနှင့် ရင်းနှီးသူများ က Radar Online သတင်းသို့ ပြောကြားသည်။

ဘန်အက်ဖလက်သည် ဧပြီ ၁ ရက်တွင် ကနေဒါနိုင်ငံသို့ လက်ထပ်လက်စွပ်မဝတ်ဘဲ တစ်ကိုယ် တော်ခရီးထွက်နေကြောင်းနှင့် ယင်းနေ့မှာ ဂျနီဖာ၏ မွေးနေ့ဖြစ် ပြီး ဂျနီဖာမှာလည်း ခင်ပွန်းဖြစ်သူ မရှိဘဲ မွေးနေ့ပွဲကျင်းပနေခဲ့ ကြောင်း မီဒီယာများက ဖော်ပြ သည်။ ဘန်အက်ဖလက်နှင့် အိမ် ထောင်ရေး၌ စိတ်ရှည်သည်းခံမှု များစွာလိုအပ်သည်ဟု ဂျနီဖာဂါ နာက အစောပိုင်းအင်တာဗျူးတစ် ခုတွင် ပြောကြားခဲ့သည်။

7day Daily
Previous
Next Post »
Powered by Blogger.