မင်းတပ်မြို့ စံပြရပ်ကွက်၌ အိမ်ခြောက်လုံးမီးလောင်


ချင်းပြည်နယ် မင်းတပ်မြို့ စံပြရပ်ကွက် ကွက်စိပ်(၇)တွင် ဧပြီ ၁၆ ရက် ည ၁ဝ နာရီခွဲက ပုဂ္ဂလိကနေအိမ်မှစ၍ မီးလောင်ရာ ဈေးဆိုင်ကြီးတစ်ဆိုင် အပါအဝင် ပုဂ္ဂလိကအိမ်ခြောက်လုံး မီးလောင်ကျွမ်းသွားသည်။

ဒေါ်ရွီလိုင်း၏နေအိမ်တွင် ဖယောင်းတိုင်မီးထွန်းရာမှ မီးလောင်ကျွမ်းမှု စတင်ဖြစ်ပွားကြောင်းနှင့် ဧပြီ ၁၇ ရက် နံနက် ဝဝး၄၅ နာရီတွင် မီးငြှိမ်း သတ်နိုင်ခဲ့သည်။

အိမ်ထောင်စု ရှစ်စုရှိ မီးဘေးဒုက္ခသည် ၃၈ ဦးကို ၄င်းတို့၏ မိဘ ဆွေမျိုးသားချင်းများအိမ်၌ ယာယီနေထိုင်ရေး စီစဉ်ဆောင်ရွက်ပေးထား ကြောင်း သိရသည်။

ခရိုင် ပြန်/ဆက် - Myanmaalinn
Previous
Next Post »
Powered by Blogger.