ဘော်လခဲမြို့နယ်ရှိ စောလုံကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အဦးကို မြင်တွေ့ရစဉ် (ပုံ - သီတာအောင် ) |
စောလုံကျေးရွာမှ ဒေသခံတစ်ဦးက “ ကျေးလက်ကျန်းမာရေးတော့ ဆောက်တော့ ဆောက်ပြီးပြီ၊ ဒါပေမယ့် ဆရာမတွေတော့မရှိဘူး” ဟုပြောသည်။
ကျေးလက်ကျန်းမာရေးဌာနခွဲများတွင် တာဝန်ကျဆရာမများ မရှိခြင်းသည် နေထိုင်ရေး အခက်အခဲကြောင့်ဖြစ်ပြီး သက်ဆိုင်ရာ အုပ်ချုပ်ရေးများနှင့် ညှိနှိုင်းဆောင်ရွက် မည်ဟု ဘော်လခဲမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးချစ်လှက ပြောသည်။
မတ်၂၉ရက် ဘော်လခဲမြို့ စောလဖော်ခန်းမဆောင်တွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် လူထုများတွေ့ဆုံစဉ် စောလုံကျေးရွာ ဒေသခံတစ်ဦးက ယင်း အခက်အခဲများကို တင်ပြခဲ့သည်။
ဘောလခဲမြို့ဆေးရုံကြီးတွင်လည်း ဆရာဝန်တဦးတည်းသာ ရှိသည့်အတွက် သင်တန်းများသွားသည့်အချိန်တွင် လူနာများကို ကုသမည်သူ မရှိဟုဆိုသည်။
အစိုးရသစ်လက်ထက် ကယား(ကရင်နီ) ပြည်နယ် ကျန်းမာရေးဌာနများ ဆောက်လုပ်ရန် ကျပ်သိန်း ၇၁၉၃၁၉၉၀၀၀ အသုံးပြုခဲ့သည်။
ကျေးလက် ကျန်းမာရေး ဌာန ၁ ခု၊ ကျန်းမာရေး ဌာနခွဲ ၄၁ ခု၊ ဆောက်လုပ်ပြိး တိုက်နယ်ဆေးရုံ ၃ ရုံ၊ ကုတင် ၅၀ ဆေးရုံ ၁ ရုံတို့ ဆောက်လုပ်ပြီးစီးခဲ့သည်။
ကျန် ဆောက်လုပ်ဆဲ ကျေးလက်ကျန်းမာရေးဌာနခွဲ ၁၆ ခု၊ ကျေးလက်ကျန်းမာရေးဌာန ၂ခု ၊ ၂၅ ကုတင်ဆံ့ဆေးရုံ ၃ ရုံ ၊ ကုတင်(၅၀)ဆံ့ဆေးရုံ ၁ ရုံ တို့ တည်ဆောက်နေဆဲ ဖြစ်သည်။
ဆေးရုံ ဆေးပေးခန်းများတည်ဆောက်မှုများတိုးတက်လာသော်လည်း ကျန်းမာရေး ဝန်ထမ်းများ၊ ဆေး
ပစ္စည်းကိရိယာများလိုအပ်လျက်ရှိသည်။
သီတာအောင် - Kantarawaddy Times
သီတာအောင် - Kantarawaddy Times
Sign up here with your email
ConversionConversion EmoticonEmoticon