ထိုင်းနိုင်ငံရောက် မြန်မာတွေ နှစ် သစ်ကူးမှာ သက်ကြီးပူဇော်


ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားတွေကလည်း ဒီနေ့ ကျရောက်တဲ့ မြန်မာနှစ်သစ်ကူးနေ့မှာ သက်ကြီးပူ
ဇော် ပွဲတွေ ကောင်းမှုကုသိုလ်ပြုပွဲတွေကို ချင်းမိုင်မြို့ မှာ ပြုလုပ်ခဲ့ကြပါတယ်။

အသက် ၆ဝ အထက် မြန်မာသက်ကြီးရွယ်အိုတွေ ပူဇော်ပွဲကို ချင်းမိုင်မြို့က မြန်မာနိုင်ငံသားတွေ အများစုကိုးးကွယ်တဲ့ ဝပ်ဆိုင်းမွန်း မြန်မာ ဘုန်းတော်ကြီးကျောင်းမှာ ဒီနေ့ ညနေပိုင်းက မြန်မာ့ ရိုးရာမပျက် ကျင်းပခဲ့တာဖြစ်ပြီး အကျဉ်းကျခံနေ ရတဲ့ ကျောင်းသူ ကျောင်းသားတွေအတွက်လည်း ဆုတောင်းမေတ္တာတွေ ပို့သခဲ့
ကြပါတယ်။

သက်ကြီးပူဇော်ပွဲအခမ်းအနားကို ချင်းမိုင်မြို့မှာရှိတဲ့ သံဃာ့မဟာနာယကအဖွဲ့က ဒုတိယတာဝန်ခံ ထိုင်းဆရာတော် ကိုယ်တိုင်ကြွရောက်ချီးမြှင့်ခဲ့ပါတယ်။ သက်ကြီးရွယ်အို ပူဇော်ကန်တော့ပွဲ ကျင်းပရေးအစီအစဉ်နဲ့ ပတ်သက်လို့ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဒေါ်မီးမီးက RFA ကို ပြောပါတယ်။

“ကျမတို့က ဗုဒ္ဓဘာသာအနေနဲ့ နှစ်သစ်ပေါ့နော်၊ သင်္ကြန်နှစ်ဆန်းမှာ ကျမတို့ကလည်း ဘုရား သွား ကျောင်းတက်ပေါ့နော်၊ ပြီးလို့ရှိရင်လည်း ဒီမှာရှိနေတဲ့ ကျမတို့ မြန်မာအမျိုးအနွယ်ရဲ့ လူကြီး သက်ကြီးရွယ်ကြီးတွေကို ကျမတို့က ကန်တော့တာပေါ့နော်၊ ဝန်ချတောင်းပန်တယ်၊ အပြစ်ကင်း ရှင်းအောင်၊ နောက်ပြီးတော့လည်း နောက်နောင်မှာ ဒီရိုးရာလေးတွေကို ဆက်လက်ထိန်း သိမ်းနိုင်အောင် ကျမတို့က ကျင်းပခြင်းဖြစ်ပါတယ်၊ မြန်မာပြည်သူ ပြည်သားအနေနဲ့ပေါ့နော် ဒီချင်းမိုင်ရဲ့ ကိုယ်စားပေါ့၊ ကျမတို့ အနေနဲ့လည်း ဒီကျောင်းသူ ကျောင်းသားလေးတွေ ကို ဘေးကင်းရန်ကင်းအောင် စိတ်ချမ်းသာအောင်နဲ့ မြန်မြန်လွတ်ကင်းပါစေလို့လည်း ဆုတောင်းပေးပါတယ်”

မနေ့ကလည်း ဒီမြန်မာဝပ်ဆိုင်းမွန်း ဘုန်းကြီးကျောင်းမှာပဲ ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ် သမားတွေရဲ့ ကလေးငယ်တွေကို မြန်မာစာပညာ သင်ကြားပေးနိုင်ဖို့အတွက် စာသင်ကျောင်းဆောင် ဆောက် လုပ်နိုင်ဖို့ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တကောဏ္ဍည ဦးဆောင်ပြီး ပန္နက်ရိုက်မင်္ဂလာ အခမ်းအနားကျင်းပခဲ့ ပါတယ်။

RFA
Previous
Next Post »
Powered by Blogger.