မြတ်စွာဘုရားကို တပည့်တွေက ရိုသေလေးစားတယ်ဆိုတာ
အခြားအကြောင်းတွေကြောင့်မဟုတ်ဘူး
(၁) အဆင်မြင့်တဲ့ ကိုယ်ကျင့်တရား၊
(၂) အရာရာကို စူးစူးရှရှ မြင်နိုင်တဲ့ အမြင်၊
(၃) ကြီးမားတဲ့ ဉာဏ်ပညာ၊
(၄) သစ္စာတရား ဟောကြားတဲ့နေရာမှာ တိကျခိုင်မာမှုနဲ့၊
(၅) ကျင့်စဉ်ကို ကျင့်တဲ့အခါမှာ အောင်မြင်ပေါက်ရောက်နိုင်တဲ့ အကျင့်မှန် လမ်းမှန်တွေကို ဖော်ပြဟောပြပေးနိုင်မှုဆိုတဲ့
ဒီအချက် (၅)ချက်ဟာ တပည့်များက မြတ်စွာဘုရားကိုလေးစားမြတ်နိုးရခြင်းရဲ့ အဓိကအကြောင်းတရားတွေ ဖြစ်ပါတယ်လို့  မြတ်စွာဘုရားက ဒီလို ရှင်းလင်းဟောကြားတာဖြစ်ပါတယ်။
ဒါ့ကြောင့် တရားချစ်ခင်သူတော်စင်အပေါင်း တို့ ဗုဒ္ဓမြတ်စွာကို ကြည်ညိုလေးစားကြရတယ် ဆိုတာ သူမတူအောင် အလွန်ထူးချွန်တဲ့ ဒီအချက် တွေကို ကြည့်ပြီး မြတ်စွာဘုရားဟာ တစ်လောကလုံးက ဦးညွှတ် လေးစားရတဲ့ ပုဂ္ဂုလ်ထူးပုဂ္ဂုလ်မြတ်ဖြစ်သောကြောင့် ဗုဒ္ဓဂုဏ်ကိုအာရုံပြု ပြီး မြတ်စွားဘုရားချမှတ်ထားတဲ့ လမ်းစဉ်အတိုင်း ကျင့်ကြံ ကျိုးကုတ် အားထုတ်ကြမယ်ဆိုရင် ဘုရားဟော တဲ့အတိုင်း ဒီလမ်း လျှောက်လို့ ရှိရင် ဒီစခန်းရောက်တယ်ဆိုတာကို ယုံကြည်သိမှတ်ပြီးတော့ မဂ္ဂင် ရှစ်ပါး အကျင့် တရားတွေကို ကျင့်ကြံ ကျိုးကုတ် အားထုတ် ခြင်းဖြင့် နောက်ဆုံး ထာဝရအငြိမ်းဓာတ် ဖြစ်တဲ့ နိဗ္ဗာန် ချမ်းသာကို ကိုယ်စီကိုယ်ဌ မျက်မှောက်ပြုနိုင် ကြပါစေ ကုန်သတည်း။
(တပည့်များ လေးစားမြတ်နိုးတဲ့ဆရာ စာအုပ် မှကောက်နှုတ်ချက်)
တပည့်များ လေးစားမြတ်နိုးတဲ့ဆရာ စာအုပ်အား အောက်ပါလင့်တွင်Download ရယူနိုင်ပါသည်။
Sign up here with your email
ConversionConversion EmoticonEmoticon