အပြိုင်ဇာတ်ရုပ် ရိုက်ရတာ ကြိုက်တဲ့ ဆုမြတ်နိုးဦး


သရုပ်ဆောင်တစ်ဦး ဖြစ်သည့် ဆုမြတ်နိုးဦးက ဇာတ်ရုပ်များ ရွေးချယ်ရာတွင် အပြိုင်ဇာတ်ရုပ် များကို ပို၍ ရွေးချယ် ဖြစ်ကြောင်း ပြောသည်။ တခြား ဇာတ်ရုပ်တွေကို သရုပ်ဆောင် ရတာထက်၊ အပြိုင် ဇာတ်ရုပ်လေးတွေကို သရုပ်ဆောင်ရ တာက ညီမ အနေနဲ့ ပိုကြိုက်ပါတယ်။ နောက်ပြီး ဒီလို အပြိုင် ဇာတ်ရုပ်လေးတွေ သရုပ်ဆောင်ရတာ ပိုပြီး ပညာ ရတယ်လို့ မြင်တယ်။ အဲဒီ အတွက်ကြောင့် ညီမ ဒီဇာတ်ရုပ်လေးတွေ ရိုက်ရတာ သဘောကျ တာပါ။

ဒါပေမဲ့လည်း အနုပညာရှင်ကောင်း တစ်ယောက် ဆိုတာ ဆေးစက်ကျရာ အရုပ်ထင် သလို ကိုယ်ကျရာ ဇာတ်ရုပ်ကို သရုပ်ဆောင် နိုင်ရမှာ ဖြစ်တဲ့ အတွက် ညီမ အနေနဲ့ တခြား ဇာတ်ရုပ်လေးတွေ ကိုလည်း အချိန်ပေးပြီး သရုပ်ဆောင် ဖြစ်ပါတယ်။ ညီမအနေနဲ့ ချစ်စရာ ဇာတ်ရုပ်လေး တွေကို သရုပ်ဆောင်တဲ့ အခါမှာ နည်းနည်းတော့ အခက်အခဲရှိ ပါတယ်။ 

ဒါပေမဲ့လည်း ပရိသတ်တွေက ညီမကို ချစ်စရာကောင်းတဲ့ ဇာတ်ရုပ်နဲ့ လိုက်တယ်လို့ ပြောလာကြတဲ့ အတွက် အများကြီး ကျေးဇူးတင် ပါတယ်။ အဲဒီ အတွက်ကြောင့် ညီမဘက် ကလည်း တစ်ခါထက် တစ်ခါကောင်းအောင် သရုပ်ဆောင်မှု တွေနဲ့ လုပ်ဆောင် သွားမှာပါ ဟု သရုပ်ဆောင် ဆုမြတ်နိုးဦးက ပြောသည်။ ဆုမြတ်နိုးဦးသည် တစ်ခါက ထာဝရ ဆိုသည့် ဇာတ်ကားတွင်လည်း ဇေရဲထက်၊ ဖွေးဖွေးတို့နှင့် အတူ ပါဝင် သရုပ်ဆောင် ထားကြောင်း သိရသည်။

The Messenger
Previous
Next Post »
Powered by Blogger.