ဒါပေမဲ့ ကျောင်းမှာတော့ နာမည်တမျိုးနဲ့ နေထိုင်ခဲ့ပြီး တရုတ်သမ္မတကြီးရဲ့ သမီးဖြစ်တယ်ဆိုတာ သိတဲ့သူ အနည်းငယ်လောက်ပဲရှိတယ်လို့ အဆာဟိရှင်ဘွန်းသတင်းထောက် ကင်ဂျီမင်နီပူရာက ရေးသားဖော်ပြခဲ့တယ်။ မင်နီမူရာ ဟာ တက္ကသိုလ်ဘွဲ့နှင်းသဘင်ပွဲတက်ရောက်ခဲ့ပြီး ရှီမင်ကျယ်နဲ့ အမေရိက အတွေ့အကြုံရေးသားခဲ့သူ ဖြစ်ပါတယ်။
ရှီမင်ကျယ်ဟာ အခြားနိုင်ငံခေါင်းဆောင်သားသမီး ကောလိပ် ကျောင်းသားကျောင်းသူတွေလိုပဲ မီဒီယာတွေ အနှောင့်အယှက်မပေးနိုင်အောင် အကာအကွယ်ပေးထားတယ်။
ဒါပေမဲ့လည်း အခြား တရုတ်ခေါင်းဆောင်တွေရဲ့ သားသမီးတွေကတော့ နိုင်ငံခြားမှာ လူသိထင်ရှားနေထိုင် ကြတာတွေ့ရပါတယ်။ တရုတ်ကွန်မြူနစ်ပါတီ ပေါ်လစ်ဗျုရိုအဖွဲ့ဝင် ဘိုရှီလိုင်းကို အဂတိလိုက်စားမှုနဲ့ ထောင်အချမခံရမီနဲ့ ဘိုရှီလိုင်းရဲ့ဇနီး လူသတ်မှုနဲ့ ထောင်အချမခံရမီက သူတို့ညနနိရဲ့သား ဘိုကွားကွားဟာ အင်္ဂလန်နိုင်ငံ အောက်စဖို့တက္ကသိုလ်တက်နေရင်း ရုပ်ရှင်မင်းသားဂျက်ကီချန်းကို ဖိတ်ခေါ်ပြီး စင်မြင့်ပေါ်မှာ အတူတကွ သီချင်းတွေဆိုခဲ့တယ်။ သူဟာ ဟားဗတ် တက္ကသိုလ်မှာတုန်းကလည်း အဖိုးတန် ပေါ်ရှေးကားကြီးမောင်းပြီး ကျောင်း တက်ခဲ့သူ ဖြစ်ပါတယ်။ ဒါပေမဲ့ ရှီကျင့်ဖျင်ရဲ့ သမီး မင်ကျယ်ကတော့ သိုသိုသိပ်သိပ်နဲ့ တချိန်လုံးကျောင်းစာကိုသာ လေ့လာနေခဲ့တယ်လို့ ဆိုပါတယ်။
အခု အသက် ၂၂ နှစ်အရွယ်ရောက်နေတဲ့ ရှီမင်ကျယ်ဟာ ဘွဲ့ရပြီးလို့ တရုတ်ပြည်ပြန်သွားပါပြီ။ တရုတ်ပြည်မှာလည်း လူသိရှင်ကြား ပေါ်ပေါ်ထင်ထင် မနေပေမယ့် မကြာသေးမီက တရုတ်ပြည်ယဉ်ကျေးမှုတော်လှန်ရေးကာလတုန်းက ဆယ်ကျော်သက်အရွယ်မရှိသေးတဲ့ ဖခင် ရှီကျင့်ဖျင်ဟာ လယ်ယာလုပ်ငန်းခွင်မှာ လက်တွေ့အလုပ်လုပ်ကိုင်ဖို့ အပို့ခံခဲ့ရတဲ့ ယန်အန်ဒေသကို မိဘတွေနဲ့အတူ လိုက်သွားခဲ့တယ်။ ယန်အန်ကျေးလက်ဒေသမှာ သူ့ဘ၀အတွက် လမ်းညွှန်ပေးမယ့် အသိပညာတွေ ရခဲ့တယ်လို့ ရှီကျင့်ဖျင်က ဆိုပါတယ်။ ”ဒီကနေ့ ကျွန်တော့် မှာရှိနေတဲ့ အခြေခံ အယူအဆ သဘောတရားတွေ အရည်အချင်းတွေဟာ အဲဒီ ဒေသကစပြီး ရခဲ့တာပါ”လို့ ရှီကျင့်ဖျင်က ပြောတယ်။ ရှီကျင့်ဖျင်ရဲ့ အရင် တရုတ်ခေါင်းဆောင်တွေနဲ့မတူတဲ့အချက်ကတော့ ရှီကျင့်ဖျင်ဟာ နိုင်ငံခြားမှာ တခါမှ မနေခဲ့ဘူးဖူးဆိုတဲ့အချက်ဖြစ်ပါတယ်။
တရုတ်ခေါင်းဆောင်ဟောင်း ကျန်ဇီမင်းဟာ ရုရှားနိုင်ငံတော် မော်စကိုမြို့က စတာလင်မော်တော်ကားစက်ရုံမှာ အလုပ်လုပ်ခဲ့ဖူးတယ်။ တရုတ်ပြုပြင်ပြောင်းလဲရေးခေါင်းဆောင် တိန်ရှောက်ဖိန်ကတော့ ပြင်သစ်မှာ ငါးနှစ်နေခဲ့ပြီး ဆိုဗီယက် ယူနီယံမှာ ပညာသင်ကြားခဲ့တယ်။ ရှီကျင့်ဖျင်ကတော့ တရုတ်ပြည်ကလွဲပြီး ဘယ်နိုင်ငံခြားမှာမှ မနေဘူးလို့ ဆုံးဖြတ်ချက်ချခဲ့ တယ်။ ရှီရဲ့ ပထမဇနီးဟာ ဗြိတိန်နိုင်ငံမှာ အခြေချနေထိုင်ချင်တယ်လို့ ပြောခဲ့တယ်။ ရှီကျင့်ဖျင်က လက်မခံဘူး။ လင်မယားကွာရှင်းခဲ့တယ်။ ရှီကျင့်ဖျင်ရာထူးတက်လာတော့ နိုင်ငံခြားသားတွေနဲ့ မကြာခဏထိတွေ့ ဆက်ဆံရတယ်။ ဒါပေမဲ့ ရှီကျင့်ဖျင်ရဲ့ အစိုးရကတော့ နိုင်ငံခြားအယူအဆတွေနဲ့ပတ်သက်ရင် လက်မခံဘူး။ တင်းမာတဲ့ သဘောရှိတယ်။ တရုတ် ပညာရေးဝန်ကြီးဆိုရင် အနောက်တိုင်းတန်ဖိုးနဲ့ ပတ်သက်ပြီး ၀ါဒဖြန့်တဲ့ စာပေအယူအဆမှန်သမျှ တရုတ်စာသင်ခန်းတွေထဲကို ဘယ်နည်းနဲ့မှ မသွင်းရဘူးလို့တောင်ပြောခဲ့တယ်။
အနောက်နိုင်ငံတက္ကသိုလ်မှာ ပညာသင်ခဲ့တဲ့ ရှီမင်ကျယ်အနေနဲ့ အမေရိက အတွေ့အကြုံတွေ သူ့ဖခင်ကို ဘာတွေပြောပြမှာလဲ။ တရုတ်ပြည်က နာကျည်းဖွယ်ကောင်းတဲ့ မဟာခုန်ပျံကျော်လွှားရေး၊ ယဉ်ကျေးမှု တော်လှန်ရေးအကြောင်းတွေ အနောက်နိုင်ငံတက္ကသိုလ်မှာ ဆွေးနွေးခွင့် ကန့်သတ်မထားဘူးဆိုတာတွေဟာ ရှီမင်ကျယ်ရဲ့ဘ၀အမြင် ဘယ်လို သက်ရောက်မှုရှိလာမလဲဆိုတာတွေ စဉ်းစားစရာကောင်းပါတယ်။
တရုတ်နိုင်ငံသားတွေဟာ အခြားနိုင်ငံသားတွေထက် အမေရိကမှာ ပိုပြီးနေချင်ကြတယ်ဆိုတာ လေ့လာဆန်းစစ်မှုတရပ်မှာ ဖော်ပြထားပါတယ်။ ပါရဂူဘွဲ့ရပြီးတဲ့ တရုတ်ကျောင်းသား ၉၂ ရာခိုင်နှုန်းဟာ အမေရိကန်မှာ နောက်ထပ်ငါးနှစ်လောက်ဆက်ပြီး နေထိုင်ကြတာ တွေ့ရတယ်။ တောင်ကိုရီးယားကျောင်းသားတွေကတော့ ဒီလို အမေရိကန်မှာ ဆက်နေထိုင်ကြတာ ၄၁ ရာခိုင်နှုန်းပဲ ရှိပါတယ်။ တရုတ်ကျောင်းသားတွေကတော့ တရုတ်ပြည်ပြန်သွားရင် မတူတဲ့ယဉ်ကျေးမှုစရိုက် ရိုက်ခတ်မှု၊ လေထုညစ်ညမ်းမှုဒဏ်ခံရမှုနဲ့ အခြားအကြောင်းအရာတွေကြောင့် အခက်အခဲတွေ တွေ့ကြုံရမှာကို စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။
ဒါပေမဲ့ နိုင်ငံခြားက ပြန်လာတဲ့ တရုတ်ကျောင်းသားအများစုကတော့ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ သူတို့အစိုးရရဲ့ နိုင်ငံခြားရေးဝါဒကို ထောက်ခံကြတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့လည်း အနောက်နိုင်ငံတွေမှာ ပညာသင်ကြားပြီး တရုတ်ပြည်ပြန်လာတဲ့ ကျောင်းသားအများစုကတော့ တရုတ်အမျိုးသားရေးထက် ပူးပေါင်းဆောင်ရွက်တဲ့နိုင်ငံတကာဝါဒကိုပိုပြီးနှစ်သက်ကြတယ်လို့ လေ့လာချက်တခုမှာ ဖော်ပြထားပါတယ်။ တကယ်တော့ တရုတ်အမျိုးသားရေးစိတ်ဓာတ်ပြင်းထန်တဲ့ ကျောင်းသားတွေသာ တရုတ်ပြည်ကို ပြန်လာချင်တဲ့စိတ်ရှိကြတာကို တွေ့ရပါတယ်။ တရုတ်အမျိုးသားရေးစာအုပ် တော်တော်များများကို နိုင်ငံခြားပြန်တွေက အဓိကရေးသားပေးနေတာကိုထောက်ရှုကြည့်ရင်
အမေရိကန်မှာနေတဲ့ နိုင်ငံခြားသားတွေကနေတဆင့် ဒီမိုကရေစီသဘောတရားနဲ့ လစ်ဘရယ် အယူအဆတွေ သူတို့ မိခင်နိုင်ငံတွေမှာ ပျံ့ ပွားစိမ့်ဝင်သွားမယ်ဆိုတဲ့ အယူအဆ မမှန်ကန်တာကို တွေ့ရမှာ ဖြစ်ပါတယ်။ တနည်းအားဖြင့်ပြောရရင် နိုင်ငံခြားပြန်တရုတ်အများစုဟာ အမေရိကန် လစ်ဘရယ်ဒီမိုကရေစီထက် တရုတ်အမျိုးသားရေးဝါဒကို ရှေ့တန်းတင်ကြတဲ့ သဘောရှိပါတယ်။ တနေ့နေ့ ရှီမင်ကျယ် လူရှေ့သူရှေ့ထွက်လာခဲ့မယ်ဆိုရင်တော့ သူ အမေရိကားမှာ ဘာတွေသင်ယူခဲ့သလဲဆိုတာ တွေ့ကြရမှာ ဖြစ်ပါတယ်။
News Watch
Sign up here with your email
ConversionConversion EmoticonEmoticon