အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားတွင် မော်တော်ဆိုင်ကယ်တစ်စီး သတ်မှတ်မိုင်နှုန်းထက် အရှိန်တင် မောင်းနှင်မှုကြောင့် ရဲကားနှင့် ရဲဆိုင်ကယ်များ လိုက်ဖမ်းနေစဉ် ဆိုင်ကယ်သမားက စတန့်ပြကွက် တစ် ခုဖြင့် Selfie ဓာတ်ပုံ ရိုက်ပြသွားခဲ့ကြောင်း သတင်းရရှိသည်။
မတ် ၁၉ ရက် ဖြစ်စဉ်တွင် ဆိုင်ကယ်သမားသည် ကယ်လီဖိုးနီးယား အဝေးပြေးလမ်းမ ယာဉ်ထိန်းရဲများကို နောက်ပြောင်သည့်အနေဖြင့် ရဲကားများရှေ့မှ တစ်နာရီ မိုင်(၁၀၀)ကျော်နှုန်းဖြင့် မောင်းပြေးရင်း ဆိုင် ကယ်ပေါ် လက်လွှတ် မတ်တပ်ရပ်ကာ မိမိကိုယ်ကိုယ် Selfie ဓာတ်ပုံ ရိုက်သွားခဲ့ခြင်း ဖြစ်သည်။
ရဲကားများသည် အဆိုပါ ဆိုင်ကယ်သမားကို တစ်နာရီနီးပါး နောက်မှလိုက်ဖမ်းခဲ့ရပြီး ထိုအတောအတွင်း ၎င်းက အလွန်မြန်ဆန်စွာ မောင်းနှင်နေသည့် ဆိုင်ကယ်ပေါ်တွင် လက်လွှတ်စီး၊ မတ်တတ်ရပ်ကာ စတန့်
ပြုလုပ်ပြသွားခဲ့သည်။တစ်နေရာတွင် ရဲကားတစ်စီးက ၎င်းကို ချောင်ပိတ်ဖမ်းရန် ကြိုးစားသော်လည်း ရဲကား တံခါးနှင့် တိုက်မိလုနီးပါး အနေအထားမျိုးမှ ဖြတ်မောင်းပြီး လွတ်ထွက်သွားကြောင်း သိရသည်။
ထို့အပြင် တစ်ချိန်တွင် ဆိုင်ကယ်ကို အရှိန်လျှော့ပြီး ၎င်းနောက်မှ ကပ်လိုက်လာသည့် ရဲဆိုင်ကယ်နှစ်စီး
ထို့အပြင် တစ်ချိန်တွင် ဆိုင်ကယ်ကို အရှိန်လျှော့ပြီး ၎င်းနောက်မှ ကပ်လိုက်လာသည့် ရဲဆိုင်ကယ်နှစ်စီး
ပေါ်မှ အရာရှိများကိုပင် လှမ်း၍ စကားပြောလိုက်သေးသည်။ ဆန်ဘာနာဒီနိုမှ စတင်ခဲ့သော အဆိုပါ ပြေးတမ်းလိုက်တမ်း ခရီးစဉ်သည် လော့စ်အန်ဂျလိစ် တနံတလျားကို ကွေ့ပတ်မောင်းနှင်ပြီး ဆန်ဘာနာ ဒီနိုတွင်ပင် အဆုံးသတ်သွားခဲ့သည်။
ဆိုင်ကယ်သမားသည် ဓာတ်ဆီဆိုင် တစ်ခုထဲ မောင်းဝင်ကာ ရဲများထံ အေးအေးလူလူ အဖမ်းခံခဲ့သည်။
၎င်းကို အဆင်အခြင်မဲ့ မောင်းနှင်မှုဖြင့် စွဲချက်တင်ထားပြီး လတ်တလောတွင် ရဲတပ်ဖွဲ့က ထိန်းသိမ်းထား
ဆိုင်ကယ်သမားသည် ဓာတ်ဆီဆိုင် တစ်ခုထဲ မောင်းဝင်ကာ ရဲများထံ အေးအေးလူလူ အဖမ်းခံခဲ့သည်။
၎င်းကို အဆင်အခြင်မဲ့ မောင်းနှင်မှုဖြင့် စွဲချက်တင်ထားပြီး လတ်တလောတွင် ရဲတပ်ဖွဲ့က ထိန်းသိမ်းထား
ကြောင်း သိရှိရသည်။
7day
7day
Sign up here with your email
ConversionConversion EmoticonEmoticon