အမျိုးသားတစ်ဦး၏ i Phone 6 လှူဒါန်းမှုကို ဂွန်ဒေါင်းပြည်နယ်ရှိ တရုတ်ဘုရားကျောင်းက ငြင်းပယ်


တရုတ်နှစ်သစ်ကူးကာလတွင် ဂွန်ဒေါင်းပြည်နယ် ဖိုရှန်မြို့ရှိ လူသိများ ထင်ရှားသည့် ဗုဒ္ဓဘာသာဘုရား ကျောင်းတစ်ခုသို့ လာရောက်ဝတ်ပြု ဆုတောင်းသူ ထောင်ပေါင်းများစွာ ရှိသည်။

သို့သော်လည်း ထိုဘုရား ကျောင်းတွင် ငွေသားအလှူငွေမဟုတ် ဘဲ တခြားသော အလှူပစ္စည်း လှူ ဒါန်းမှုကို လက်မခံပေ။

အမျိုးသားတစ်ဦးသည် အဆိုပါ ဘုရားကျောင်း၏ အလှူခံပုံးတွင် i Phone 6 လှူဒါန်းနေပုံကို ဓာတ်ပုံ ရိုက်ကူး ခဲ့ကြောင်း ဟောင်ကောင် သတင်းစာဖြစ်သော South China Morning Post (SCMP) တွင်ဖော် ပြခဲ့သည်။

သို့သော်လည်း ဘုရား ကျောင်းရှိ တာဝန်ရှိသူတစ်ဦးက ထို ဖုန်းအား ပြန်ယူကာ အဆိုပါအမျိုး သားထံပြန် လည်ပေးအပ်ခဲ့သည်။ ထို ဘုရားကျောင်းတွင် ငွေသားသာလျှင် လှူဒါန်းနိုင်ကြောင်း နှင့် i Phone 6 မှာ ဘုန်းကြီးများ အတွက်အသုံးမဝင် ကြောင်း ပြောခဲ့သည်။

အဆိုပါ အမျိုး သားသည် ဖုန်းကိုပြန်ယူကာ အလှူခံ ပုံးတွင် ယွမ် ၁ဝဝ ခန့်လှူဒါန်းခဲ့သည်။

Ref : The Straits Times
Previous
Next Post »
Powered by Blogger.