စင်ကာပူနိုင်ငံ Hoagang MRT ဘူတာမှာ ရထားနဲ့ ပလက်ဖောင်းကြား ကျောင်းသူတစ်ဦး ခြေထောက်ညှပ်မိ


ဗုဒ္ဓဟူးနေ့မနက်က Hoagang MRT ရထားဘူတာမှာ MRT ရထားနဲ့ ဘူတာ ပလက်ဖောင်းနှစ်ခုကြား ကျောင်းသူလေးတစ်ဦး ခြေထောက်ညှပ်မိခဲ့တယ်။ အဲဒီအဖြစ်အပျက် ဘယ်လိုကြောင့် ဖြစ်သွားခဲ့လဲဆိုတာ သေချာမသိရပါဘူး။ ယင်းဖြစ်ရပ်ကြောင့် North East Line (NEL) တစ်လျှောက် နှောင့်နှေးမှုတစ်ခု ဖြစ်စေပြီး လူအုပ်ကြီးနဲ့ ပြုံတိုးနေတဲ့ ဘူတာကို လူမှုမီဒီယာပေါ်က ဓာတ်ပုံတွေနတဲ့အတူ The Straits Times သတင်းဖော်ပြချက်အရ သိရပါတယ်။

ဓာတ်ပုံမှာ အဝါညိုနုရောင် ကျောင်းဝတ်စုံနဲ့ ကျောင်းသူမလေးတစ်ဦး ရထားနဲ့ ပလက်ဖောင်းနှစ်ခုကြားရဲ့ အပေါက်မှာ သူမ ဘယ်ဘက်ခြေထောက် ညှပ်မိလို့ ပလက်ဖောင်းပေါ် ထိုင်နေတဲ့ပုံ ပြထားပါတယ်။ SCDF စင်ကာပူပြည်တွင်း ကာကွယ်ရေး တပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူတစ်ဦးမှ ယင်းဖြစ်ရပ်နဲ့ စပ်လျှဉ်းပြီးပြောဆိုခဲ့ရာ “SCDF အနေနဲ့ အဖြစ်အပျက်ကို ၇ နာရီ မိနစ် ၅၀ သိရှိခဲ့အပြီး အထူးမီးသတ် ယာဉ်တစ်စီးနဲ့ အရေးပေါ် ယာဉ်တစ်စီး စေလွှတ်ခဲ့ပါတယ်။ ကလေးမကိုတော့ Tan Tock Seng ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း” ပြောဆိုသွားပါတယ်။

Trend Myanmar
Previous
Next Post »
Powered by Blogger.