အမေရိကန် ပြည်ထောင်စုရှိ သမ္မတ အိမ်ဖြူတော် သို့ လွန်ခဲ့သည့် နှစ် ၂ဝ အတွင်းက အညစ်အကြေး များ ပါဝင်သည့် အထုပ်တစ်ထုပ်ကို ပေးပို့ခဲ့သည့် အမျိုးသား တစ်ဦးသည် ယခုအခါ အဆိပ်ရှိ ဆိုင်ယာနိုက်များ ထည့်သွင်း ထားသော အထုပ်တစ်ထုပ် ကို ထပ်မံ ပေးပို့ခဲ့ကြောင်း ထောက်လှမ်းရေး အဖွဲ့က မတ် ၁၇ ရက်တွင် ထုတ်ပြန် ပြောကြား ခဲ့သည်။
အဆိပ်ပါသည့် ဆိုင်ယာနိုက် ဓာတ်ပေါင်း ထည့်သွင်း ထားသော ပါဆယ်ထုပ်ကို သမ္မတ အိမ်ဖြူတော် က မတ် ၁၆ရက်တွင် လက်ခံရရှိ ခဲ့ခြင်းဖြစ်ပြီး ကနဦး စစ်ဆေးချက်များ အရ ဇီဝ ဓာတ်ပေါင်းများ ပါဝင်ခြင်း မရှိကြောင်း သိရသော်လည်း နောက် တစ်ရက် အကြာတွင် ထပ်မံ စစ်ဆေးခဲ့ရာမှ ယင်း အထုပ်အတွင်း၌ အဆိပ်ရှိသည့် ဓာတု ပစ္စည်းများ ပါဝင်လျက် ရှိကြောင်း ဖော်ထုတ် နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ထောက်လှမ်းရေး အဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူ ဘရိုင်ယန်လီရီ က ပြောကြား ခဲ့ခြင်း ဖြစ်သည်။
အဆိုပါ အထုပ်ကို ၁၉၉၅ ခုနှစ် အတွင်းက အိမ်ဖြူတော် သို့ အညစ်အကြေးများ (ဆီးနှင့်ဝမ်းများ) ပါဝင် သည့် အထုပ် တစ်ထုပ်ကို ပေးပို့ခဲ့သည့် အမျိုးသား တစ်ဦး ကပင် ပေးပို့ခဲ့ခြင်း ဖြစ်ပြီး ၄င်း အမျိုးသားသည် ၂ဝ၁၂ ခုနှစ် အတွင်းကလည်း အရက်ပုလင်း အသေးစားများ ပါဝင်သည့် အထုပ် တစ်ထုပ်ကို အိမ်ဖြူတော် သို့ ထပ်မံပေးပို့ ခဲ့သည်။
ယခုအခါ ထောက်လှမ်းရေး အဖွဲ့ဝင် များသည် ဆိုင်ယာနိုက် ပါဝင်သည့် ပါဆယ်ထုပ်ကို အခြား ဓာတ်ခွဲ ခန်း တစ်ခုသို့ ပို့ဆောင်၍ အတည်ပြုချက် ရယူရန် စောင့်ဆိုင်းလျက် ရှိကြောင်း သိရသည်။
PyiChitThar
Sign up here with your email
ConversionConversion EmoticonEmoticon