ကမ္ဘာ့အလှဆုံးအလှမယ် ရွေးပွဲတွင် အိန်ဂျယ်လမုန်နှင့်ဟန်သီတို့ ဆုများ အသီးသီးရရှိ




Most Beautiful of The Year မှရွေး ချယ်သည့် ကမ္ဘာ့အလှဆုံးအလှမယ် ရွေးချယ်ရာတွင် မြန်မာအလှ မယ်နှစ် ဦး 4th Runner Up ဆုနှင့် 5th Runner Up ဆုများ ရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ Most Beautiful of The Year မှ ရွေးချယ်သည့် ကမ္ဘာ့ အလှဆုံး အလှမယ်စာရင်းတွင် မြန်မာ အလှမယ်များဖြစ်ကြသည့် Miss Supranational Myanmar 2014 အလှမယ်ဟန်သီသည် 5th Runner Up ဆုအားရရှိခဲ့ပြီး Miss Intercontinental Myanmar 2014 အလှမယ်အိန်ဂျယ်လမုန်သည် 4th Runner Up ဆုအား ရရှိခဲ့ကြောင်း သိရသည်။

''Winner ဆုမရပေမယ့်လဲ ကမ္ဘာ့အလှဆုံးအလှမယ် စာရင်းထဲ မှာ ပါဝင်လာနိုင်ခဲ့တာကပဲ ဂုဏ်ယူစ ရာ တစ်ခုပါ။ Beauties Concept က နေပြီးတော့ ရွေးချယ်တဲ့ဆုမှာဆိုရင် ကမ္ဘာ့အလှမယ် ၆ဝဝ ကျော်လောက် ထဲကနေပြီးတော့ ပြန်ရွေးချယ်တာပါ။ အဲဒီလိုအလှမယ်တွေ အများကြီး ထဲကနေပြီးတော့မှ မြန်မာအလှမယ် နှစ်ယောက်က Top 7 အထိပါဝင်လာ နိုင်ခဲ့တာပါ'' ဟု Miss Golden Land Myanmar Organization မှ National Director ကိုဟန်ဇော် လတ်က ပြောသည်။

အဆိုပါ Most Beautiful of The Year ရွေးချယ်ခြင်းကို International Media Pageant Expert များမှစုပေါင်း၍ တည်ထောင်ထား သည့် Beauties Concept မှရွေး ချယ်ခြင်းဖြစ်ကြောင်း သိရသည်။
၂ဝ၁၄ ခုနှစ် တစ်နှစ်တာအ တွင်း ကျင်းပပြုလုပ်ခဲ့သည့် အလှမယ် ပြိုင်ပွဲများ တွင် နိုင်ငံကိုယ်စားပြုအ နေဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့်အ လှမယ် ၆ဝဝထဲမှာ ဆန်ခါတင်အလှ မယ် ၁ဝဝ စသည်ဖြင့် အဆင့်ဆင့် ရွေးချယ်ခဲ့ပြီး နောက်ဆုံး အဆင့်တွင် အဆိုပါအလှမယ်များထဲမှာ ကမ္ဘာ့ အလှဆုံးအလှမယ် ခုနစ်ဦးအား ရွေး ချယ်ခဲ့ပြီး ဆုတံဆိပ်များပေးအပ်ခဲ့ ခြင်းဖြစ်ကြောင်း သိရသည်။

''ဟန်သီတို့ကိုအချိန်ပေးပြီးတော့ အားပေးခဲ့ကြတဲ့ပရိသတ်တွေအား လုံးကို ဟန်သီတကယ်ပဲကျေးဇူးတင် ပါတယ်။ ဟန်သီတို့နှစ်ယောက်စလုံး ရတဲ့ဆုက ပရိသတ်မဲပေးမှုအများ ဆုံးကြောင့်ရတဲ့ဆုတွေဖြစ်တဲ့အ တွက် ပိုပြီးတော့ ဝမ်းသာဂုဏ်ယူရပါတယ်'' ဟု Miss Supranational Myanmar 2014 အလှမယ်ဟန်သီ ကပြောသည်။ ယင်းကဲ့သို့ ကမ္ဘာ့အလှဆုံးအလှ မယ်ရွေးချယ်ရာတွင် Top 7 အထိပါ ဝင်လာနိုင်ခြင်းမှာ မြန်မာနိုင်ငံအတွက် ပထမဦးဆုံးအကြိမ်ဖြစ်သည်။

Most Beautiful of The Year မှ ရွေးချယ်သည့် 2014 ခုနှစ်အတွက် Beauties Concept Winner ဆု အား Miss Universe 2014 Winner ဆုရှင်ဖြစ်သည့် Colombia အလှ မယ်မှရရှိခဲ့ပြီး 1st Runner Up ဆု အား Miss Supranational USA 2014 အလှမယ်၊ 2nd Runner Up ဆုအားMiss World 2014 Winner ဆုရှင်ဖြစ်သော တောင်အာဖရိက အလှမယ်မှရရှိပြီး၊ 3rd Runner Up ဆုအား Miss France Universe ပြင် သစ်အလှမယ်ကရရှိပြီး၊ ပရိသတ်မဲ ပေးမှုအများဆုံးအဖြစ် 4th Runner Up ဆုအား Miss Intercontinental Myanmar 2014 အလှမယ် အိန်ဂျယ်လမုန်၊ 5th Runer Up ဆု အား Miss Supranational Myanmar 2014 အလှမယ်ဟန်သီနှင့် 6th Runner Up ဆုအား Miss Universe Guyana အလှမယ်တို့မှ အသီးသီး ရရှိခဲ့ကြောင်း သိရသည်။

NN - ဒီမိုကရေစီတူဒေး
Previous
Next Post »
Powered by Blogger.