![]() |
ဓာတ်ပုံ - ဘန်ကောက်ပို့စ် |
ကနဦးက အသက် ၇၂ နှစ် နိုင်းအဖိလုတ် ဆုဝဒီ နဲ့ အသက် ၆၆နှစ်ဇနီး နန်းဝမ်းထနီး ဆုဝဒီ ထောင်ဒဏ် ၅ နှစ်ချမှတ်ခဲ့ပေမယ့် အပြစ်ကို ၀န်ခံတဲ့အတွက် ပြစ်ဒဏ်ကို တ၀က် လျော့ချပေးလိုက်တာလို့ ထိုင်းနိုင်ငံ ဘန်ကောက်ပိုစ့် သတင်းစာက ရေးပါတယ်။
ဖေဖော်ဝါရီလ တော်ဝင် စီမံကိန်းအောက် မယ်ဖလုံ ဖောင်ဒေးရှင်း ၀န်ထမ်း ဆာဝီတာ မန်နီးချန်က သူတို့ ၂ ဦးနဲ့ ပတ်သက်ပြီး မကျေမနပ်တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။
မစ္စ ဆာဝီတာကို မစ္စ နန်းဝမ်းထနီက ယောကျာ်းနဲ့ စွပ်စွဲခဲ့ပြီး ချေးထားတဲ့ ငွေကြေးလိမ်လည်မှုနဲ့ တရားစွဲဖို့ ရဲတပ်ဖွဲ့အရာရှိ တဦးကို တိုက်တွန်းခဲ့တယ်လို့ သတင်းမှာ ရေးပါတယ်။
စွပ်စွဲတာ မှားယွင်းခဲ့ပေမယ့် မစ္စဆာဝီတာကို ရာချဘူရီ တရားရုံးက ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ထောင်ဒဏ်ကို ၁၈ လလျော့ချပေးခဲ့တယ်လို့ဆိုပါတယ်။
မစ္စ နန်းဝမ်းထနီကအားလုံးကို ၀န်ခံခဲ့ပြီး စွပ်စွဲမိတဲ့ အတွက် နောင်တရတယ်လို့ ပြောပါတယ်။
ဒီဇင်ဘာလက ထိုင်းအိမ်ရှေ့မင်းသား မဟာ ဗာဂျီရာ လောင်ကွန်က ကြင်ယာတော် သီရိရတ်ဆမီရဲ့ နာမည်နောက်မှာ တော်ဝင်မိသားစုနာမည် ထည့်သွင်း သုံးစွဲတာကို ရုပ်သိမ်းခဲ့ပါတယ်။
DVB
Sign up here with your email
ConversionConversion EmoticonEmoticon