ဘယ်လိုလူကို ဆန္ဒမဲ ပေးမလဲ


တိုင်းပြည်ဖျက်ဆီးဖူးတဲ့သူတွေကို
ဆန္ဒမဲ မပေးကြပါနဲ့။


၈၈၈၈ မှ စ၍ ယနေ့အချိန်အထိ
ကိုယ့်သားသမီးအရွယ် ကျောင်းသူကျာင်းသားတွေကို
ရိုက်နှက်သတ်ဖြတ်ညှင်းပန်းနှိပ်စက်၊ ထောင်သွင်းအကျင်းချခဲ့ဖူးသူတွေကို
ဆန္ဒမဲ မပေးကြပါနဲ့။

သံဃာတွေကို သတ်ဖြတ်၊ မီးလောင်တိုက်သွင်းတဲ့ အချိန်တုန်းက
အုပ်ချုပ်ရေးပိုင်းမှာ ပါဝင်ခဲ့တဲ့သူတွေကို
ဆန္ဒမဲ မပေးကြပါနဲ့။

သယံဇာတနဲ့ တိုင်းပြည်ကို ရောင်းစားခဲ့တဲ့သူတွေကို
ဆန္ဒမဲ မပေးကြပါနဲ့။

(မြန်မာလူမျိုးပျောက်အောင်
အနောက်ဘက်တံခါးပေါက်ကနေ
လူပေါင်းမြောက်များစွာပေးဝင်ပြီး
ဝှိုက်ကဒ်ထုတ်ပေးတဲ့သူတွေကို
ဆန္ဒမဲ မပေးနဲ့။

အရှေ့မြောက်ဘက်ခြမ်းကနေ
ကိုယ့်အချုပ်အခြာပိုင်နက်ထဲမှာ
- ဥပမား ကိုးကန့်၊ ၀ -
တိုင်းရင်းသားငယ်များကြားထဲတွင်
တရုတ်နိုင်ငံသားတွေကို
တရုတ်ငွေသာ သုံးစွဲစေခြင်း၊
တရုတ်ဆက်သွယ်ရေးသာ သုံးစွဲစေခြင်း၊
လက်နက်ကိုင်ဆောင်ခွင့်ပြုခြင်း၊
စစ်တပ်ထူထောင်ခွင့်ပြုခဲ့သူများကို
ဆန္ဒမဲ မပေးကြပါနဲ့။)

ကိုယ့်မင်းကိုယ့်ချင်း မအုပ်ချုပ်နိုင်ဘဲ
တရုတ်နိုင်ငံကို ကြောက်နေရပါတယ်ဆိုတဲ့လူတွေကို
ဆန္ဒမဲ မပေးကြပါနဲ့။

ဒါဖြင့် ဘယ်သူ့ကို ပေးရမလဲ။

ကျောင်းသားတွေကို မနှိပ်စက်၊ မသတ်ဖြတ်၊ ထောင်သွင်းအကျဉ်း မချဖူးသူ၊
သံဃာတော်တွေကို မရိုက်နှက်၊ မသတ်ဖြတ်၊ မီးလောင်တိုက် မသွင်းဖူးသူ၊
တိုင်းပြည်ကို မရောင်းစားတဲ့သူ၊
ဘယ်နိုင်ငံကိုမှ ကြောက်ဖို့မလိုသူကိုသာ
ဆန္ဒမဲ ပေးကြပါခင်ဗျား။

ဉာဏ်လှိုင်းသည် အယူအဆ၊ မူဝါဒကိုသာ အဓိက ထားသည်။ လူမျိုးရေး၊ ဘာသာရေးများကို တွန်းပြောပြီး အဓိကရုန်းဖန်တီးရန်၊ အပုတ်ချရန် စိတ်မ၀င်စား။ သို့သော် အစိုးရဘက်တော်သားများထံမှ (အလွတ်ရပြီးသား) လူမျိုးရေး၊ ဘာသာရေး လှုံ့ဆော်မှုအသုံးအနှုန်းများကြောင့် ကွင်းစ၊ ကွင်းပိတ် နှစ်ပိုဒ်ကို ထပ်ဖြည့်လိုက်ပါသည်။ နောင်တွင် စစ်အစိုးရဖန်တီးသော လူမျိုးရေး၊ ဘာသာရေး ပြသ၁နာများကို အတိုက်အခံများက လုပ်သယောင်ပြောလာပါက နောင်လာမည့် အကြိမ်များတွင်လည်း လိုအပ်သလို ထပ်မံဖြည့်စွက်ပါဦးမည်။

ဉာဏ်လှိုင်း
Previous
Next Post »
Powered by Blogger.