အသက် (၇၇) နှစ်ရှိနေပေမယ့် လူငယ်တစ်ဦးလို လုပ်နိုင်စွမ်းရှိသူ ကတော့ ၀ီလီမာဖီ ဖြစ်ပါတယ်။ အမေ ရိကန် ပြည်ထောင်စု၊ နယူးယော့ခ်မှာ နေထိုင်တဲ့ အဘွားအို ၀ီလီမာဖီဟာ သူ့ထက် အသက် ထက်ဝက် ငယ်သူ တွေတောင် မလုပ်နိုင်တဲ့ အရာမျိုး လုပ်ပြခဲ့ခြင်း ဖြစ်ပါတယ်။ အရပ်ငါးပေ၊ ကိုယ် အလေးချိန် (၁၀၅) ပေါင်ရှိတဲ့ ၀ီလီမာဖီပာာ သူ့မှာရှိနေတဲ့ ကိုယ်အလေးချိန် နှစ်ဆကို မပြနိုင် ပါတယ်။ ဒါ့အပြင် ဒိုက်ထိုးခြင်း ကိုလည်း မျိုးစုံ ပြုလုပ်နိုင်ခဲ့ ပါတယ်။ လက်တစ်ချောင်းတည်း ဒိုက်ထိုးခြင်း၊ လက်တစ်ဖက်တည်း ဒိုက်ထိုး
ခြင်း စတာတွေကို လုပ်ပြနိုင်ခြင်း ဖြစ်ပါတယ်။
ဝီလီမာဖီကို ကြည့်လိုက်ရင် အမြဲတမ်း တက်ကြွနေတာ တွေ့ရမှာ ဖြစ်ပါတယ်။ ၀ီလီမာဖီဟာ အလေးမ ပြိုင်ပွဲတွေ မှာလည်း ချန်ပီယံဆု တွေ ရယူခဲ့ ဖူးပါတယ်။ ၀ီလီမာဖီပာာ ကာယ လေ့ကျင့်ရုံမှာ လေ့ကျင့်မှုတွေ စဉ်ဆက်မပြတ် ပြုလုပ်တာကြောင့် အသက်ကြီးနေပေမယ့် အခုလို လုပ်နိုင်နေခြင်း ဖြစ်ပါတယ်။ ၀ီလီမာ ဖီဟာ ပြီးခဲ့တဲ့ လေးနှစ်က အလေးမ လေ့ကျင့်ခန်းကို ငါးပေါင် အလေးချိန်နဲ့ မပြီး စတင်ခဲ့တာ ဖြစ်ပါတယ်။ နေ့စဉ် လေ့ကျင့်မှုတွေ ပြုလုပ် ခြင်းကြောင့် ကြံ့ခိုင် တောင့်တင်းနေခြင်း ဖြစ်ပါတယ်။ ၀ီလီမာဖီက အသက် ကြီးသူတွေလည်း စွမ်းဆောင်ရည် အပြည့် ရှိကြောင်း ပြသလို တာကြောင့် ကာယလေ့ကျင့်မှုတွေ ပြုလုပ်

နေခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ ပါတယ်။
Messenger
Messenger
Sign up here with your email
ConversionConversion EmoticonEmoticon