၂ဝ၁၅ ခုနှစ်၊ မတ်လ ၁ရ ရက်နေ့ နံနက် ၉ နာရီအချိန် ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ တံတားကျိုးစစ်ဆေး
ရေးဂိတ်တွင် သင်္ဃန်းညီနောင်နယ်မြေ ရဲစခန်းမှတပ်ဖွဲ့ဝင်များနှင့် အခြားဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့သည် ယာဉ်များအားစစ်ဆေးနေစဉ် ကော့ကရိတ်မှ မြဝတီဘက်သို့ ကော့ကရိတ်မြို့၊ အမှတ် (၃)ရပ်ကွက်နေ စနေထွန်း(ခ)ဆွာနီ(၃၂)နှစ်မောင်းနှင်ပြီး ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွန့်မြို့ နယ်၊ သပြေကုန်းရပ်ကွက်နေ စည်သူအောင်(ခ)စအီးဒ်(၁၇)နှစ်လိုက်ပါလာသည့် Dream အစိမ်းရောင်ဆိုင် ကယ်အား ရပ်တန့်ရှာဖွေစစ်ဆေးခဲ့သည်။
ထိုသို့ရှာဖွေရာ စည်သူအောင်(ခ) စအီးဒ်၏ ခရီးဆောင်အိတ်အတွင်းရှိ မြွေရေခွံအိတ်အဝါရောင်(၂) လုံးအ တွင်းမှ ကြွပ်ကြွပ်အိတ်အမဲရောင်ဖြင့် ထည့်ထားသော အမေရိကန်ဒေါ်လာ(၁ဝဝ)တန်များပါ အထုပ်(၁၁) ထုပ်၊ စုစုပေါင်း(၁,ဝ၃၃,၃၅ဝ)ဒေါ်လာ တွေ့ရှိသိမ်းဆည်းရမိခဲ့သည်။
စစ်ဆေးချက်အရ အဆိုပါ အမေရိကန်ဒေါ်လာများပိုင်ရှင်မှာ မြဝတီမြို့၊ အမှတ်(၄)ရပ်ကွက်နေ သန်း

အောင်(ခ)နောင်နောင်(၄၇)နှစ်ဖြစ်ကြောင်း သိရှိရသောကြောင့် စနေထွန်း (ခ)ဆွာနီ၊ စည်သူအောင် (ခ)စအီးဒ်နှင့် သန်းအောင်(ခ)နောင်နောင်တို့ ၃ ဦးအား သင်္ဃန်းညီနောင်နယ်မြေ ရဲစခန်း(ပ)၁၁/၂ဝ၁၅၊ နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေပုဒ်မ ၄၂ ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
ရဲဇာနည်
Sign up here with your email
ConversionConversion EmoticonEmoticon