အိုင်အက်စ်အဖွဲ့က ထုတ်ပြန်သော ဓားစာခံများအား ကွပ်မျက်သည့် ဗီဒီယိုများတွင် ပါဝင်သော လူနှစ်ဦးမှာ မလေးရှားနိုင်ငံသားများဟု ယူဆရကြောင်း အစိုးရသတင်းရင်းမြစ်ကို ကိုးကား၍ မလေးရှားစတား သတင်း စာက ဖော်ပြသည်။
အဆိုပါ မလေးရှားနိုင်ငံသားနှစ်ဦးမှာ မော့ဒ်ဖာရစ်အနူရာ(၂၀) နှစ်ဆိုသူ ကီဒါဒေသမှ တစ်ဦးနှင့် မီလာ ကာမှ မိုဟာမက်ဝမ်ဒီမိုဟာမက်ဂျီဒီ (၂၅)နှစ်ဆိုသူတို့ဖြစ် ကြောင်း ဘူကစ်အေမန်အကြမ်းဖက်ဝါဒ တန်ပြန် တိုက်ဖျက်ရေး ယူနစ်၏ သတင်းကိုကိုးကား၍ သတင်းစာက ဖော်ပြသည်။
၎င်းတို့နှစ်ဦးမှာ မလေးရှား နှင့် အင်ဒိုနီးရှား မွတ်စလင် စစ်သွေးကြွများကို စုစည်းထားသည့် မက်ဂ်ျမူအာ အယ်လ်အာခါဘီလီအဖွဲ့သစ်မှ ဖြစ်နိုင်သည်ဟုဆို သည်။
မော့ဒ်ဖာရစ်မှာ အိုင်အက်စ်များ၏ ကွပ်မျက်ရေးဗီဒီယိုထဲတွင် ကင်မရာကို အချက်ပြသူဖြစ်ခဲ့ပြီး မိုဟာမက် ဝမ်ဒီမှာမူ ကင်မရာ နောက်ကွယ်မှလူဖြစ်နိုင်ကြောင်း၊ ၎င်းတို့ပါဝင်သည့် ဗီဒီယိုမှာ ဆီးရီးယား လူမျိုးတစ်ဦး အား သမ္မတ အာဆတ်၏ သူလျှိုဟု သတ်မှတ်ကာ အိုင်အက်စ်အဖွဲ့က ခေါင်းဖြတ်သည့် ဗီဒီယိုဖြစ်ကြောင်း သိရသည်။
စတားသတင်းစာက မိုဟာမက်ဝမ်ဒီမှာ ကီဒါမှ ၎င်း၏ဇနီးဖြစ်သူ နော်ရ်မိုဟာမက်အာမက်နှင့်အတူ ဆီးရီး ယားနိုင်ငံတွင် ရှိနေသည်ဟု ယုံကြည်ရကြောင်း ဖော်ပြသည်။
7Day
Sign up here with your email
ConversionConversion EmoticonEmoticon