ဂျာမနီနိုင်ငံပိုင် Airbus A320 လေယာဉ်တစ်စင်း ပြင်သစ်နိုင်ငံမှာ ပျက်ကျသွားခဲ့ရာက လူပေါင်း ၁၅၀ သေဆုံးခဲ့ရပြီး အဲဒီအထဲမှာ သြစတြေးလျ နိုင်ငံသား ၂ ဦးပါဝင်ပါတယ်။ ဒါ့အပြင် ဂျာမနီ နိုင်ငံက ကျောင်းသူ ကျောင်းသား ၁၆ ယောက်လည်း သေဆုံးခဲ့ရပါတယ်။
ဗစ်တိုးရီးယားပြည်နယ်က မိခင်တစ်ဦးနဲ့ သူ့ရဲ့ အရွယ်ရောက်ပြီးသား ကလေးတစ်ယောက် သေဆုံးသူတွေ ထဲမှာ ပါဝင်ကြောင်း သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး ဂျူလီဘိရှော့ပ်က အတည်ပြုပေးခဲ့ပါတယ်။
အဲဒီ လေယာဉ်ဟာ ဘာစီလိုနားကနေ Dusseldorf မြို့ဆီကို ပျံသန်းတုန်း ပျက်ကျသွားတာ ဖြစ်ပါတယ်။
လေယာဉ်ပေါ် ခရီးသည် ၁၄၄ ယောက်လိုက်ပါသွားပြီး လေယာဉ် အမှုထမ်း ၆ ယောက် ပါဝင်ပါတယ်။
သေဆုံးသူတွေရဲ့ အလောင်းတွေ ပြန်လည်ရရှိဖို့နဲ့ ဆွေမျိုးတွေ သွားရောက်ကြည့်ရှုဖို့ သြစတြေးလျ အစိုး ရက ပြင်သစ် ကောင်စစ်ဝန်ရုံးနဲ့ ဆက်သွယ်ပြီး လုပ်ဆောင်နေတယ်လို့ သြစတြေးလျ အစိုးရက ပြောပါ တယ်။
အခုပျက်ကျသွားတဲ့ လေယာဉ်ဟာ ဈေးနှုန်း ချိုသာစွာ ရောင်းချပေးနေတဲ့ Lufthansa ကုမ္ပဏီပိုင် ဖြစ်ပြီး ပျံသန်းမှု လုံခြုံစိတ်ချခဲ့ရတဲ့ လေယာဉ် ဖြစ်ပါတယ်။
နိုင်ငံပေါင်း ၃၁ နိုင်ငံက လေဆိပ်ပေါင်း ၁၁၇ နေရာကို ပျံသန်းနေပါတယ်။
လေယာဉ်ဟာ သွားလာရ ခက်ခဲတဲ့ တောင်တန်းမှာ ပျက်ကျသွားတဲ့အတွက် ရှာဖွေမှုတွေကို ခက်ခဲစွာ လုပ်ဆောင်ရမှာ ဖြစ်ပေမယ့် အခုလောလောဆယ် လေယာဉ် ပျံသန်းမှု မှတ်တမ်း Black Box ကိုတော့ တွေ့ရှိထားပြီလို့ ဆိုပါတယ်။
အခုတလော လေယာဉ်တွေ မကြာခဏ ပျက်ကျနေတယ်လို့ လူတွေပြောကြပေမယ့်လည်း လေယာဉ် လုံခြုံရေး ကျွမ်းကျင်သူတွေကတော့ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်ဟာ လေယာဉ် မတော်တဆမှု အနည်းဆုံး နှစ်ဖြစ် တယ်လို့ ပြောပါတယ်။
တစ်နှစ်ပြီး တစ်နှစ် စက်ပိုင်းဆိုင်ရာတွေ တိုးတက်လာတာတွေကြောင့် လေယာဉ် ပျံသန်းမှုမှာ လုံခြုံရေး ပိုရှိ လာတယ်ဆိုပေမယ့် ၂၀၁၄ ခုနှစ်အတွင်း လေယာဉ် ပျောက်ဆုံးသွားတာတွေ၊ လူအများအပြား သေစေတဲ့ လေယာဉ် ပျက်ကမှုတွေ ဖြစ်ပေါ်ခဲ့တဲ့အတွက် လူပိုသိများပြီး လေယာဉ် မတော်တဆ ဖြစ်မှုတွေ ပိုများလာ တယ်လို့ ယူဆနေကြတာ ဖြစ်တယ်လို့ ထောက်ပြပြောဆိုခဲ့ပါတယ်။
အခုတခါ ပျက်ကျသွားတဲ့ လေယာဉ်ဟာ မပျက်ကျခင်အထိ ဘာအကူအညီမှ တောင်းတာမျိုး မလုပ်ခဲ့တဲ့ အတွက် အကြမ်းဖက်မှုလားဆိုပြီးတော့လည်း မေးခွန်းထုတ်နေသူတွေ ရှိပါတယ်။
ပညာရှင်တွေကတော့ ဖြစ်ဖို့ အလားအလားနည်းတယ်လို့ ပြောဆိုထားပြီး လေယာဉ်ရဲ့ မှတ်တမ်းကို ကြည့်ပြီးမှသာ ပြောဆိုနိုင်မယ်လို့ မှတ်ချက်ပေးထားပါတယ်။
ABC Radio Australia
Sign up here with your email
ConversionConversion EmoticonEmoticon