ကြံရည်မှာ လူကိုအန္တရာယ် ဖြစ်စေနိုင်သော ဓာတုပစ္စည်းများ စွာသာမက ဘက်တီးရီးယားပိုး မြောက်များ စွာပါဝင်တာကို စင်္ကာပူ နိုင်ငံ MOH မှ investigation လုပ်ရာမှာ တွေ့ရှိခဲ့ပါတယ်။
စင်္ကာပူနိုင်ငံ စားသောက်ဆိုင် တွေဟာ ကမ္ဘာက စံထားရလောက်အောင် သန့်ရှင်းပါတယ် ။ ဆိုင်တွေကို လည်း ကြပ်ကြပ်မတ်မတ် စီစစ်လေ့ရှိပြီး Grade A , Grade B စသဖြင့် သန့်ရှင်းသပ်ရပ်မှုကို ခွဲခြား ထားပေးလေ့ရှိပါတယ်။
ကြံရည်မှာ ဘက်တီးရီးယားပိုး များစွာပါဝင်ကြောင်း တိုင်တန်းမှုများပြုလုပ်လာ တဲ့အခါ မှာ MOH မှ ကွင်း ဆင်းစစ်ဆေးကြတဲ့အခါ ဘက်တီးရီးယားပိုး ပါဝင်ရလောက်အောင် ညစ်ညမ်းစွာ ကိုင်တွယ် ခြင်းကို မတွေ့ခဲ့ရပါဘူး။ ကြံရည်ကို စစ်ကြည့်တဲ့ ခါမှာ တကယ်ဘဲ ဘက်တီးရီးယားပိုး မြောက်များစွာသာမက မလိုလားအပ်သော chemicals များစွာပါဝင်နေတာကို ဆိုင်တဆိုင်မှာတွေ့ရှိခဲ့ပါတယ်။
စဉ်းစားမရဖြစ်နေတာက food handling ပိုင်းမှာ hygiene အလွန်ကောင်းရဲ့နဲ့ ကြံရည်ဟာညစ်ညမ်းနေ သလဲ ဆိုတာပါဘဲ။
အမှန်တော့ ဖြတ်ပီးသား ကြံချောင်း များကို ဒေါင်လိုက် ထောင်ထားခြင်း က ပတ်ဝန်းကျင်ရှိ ရေသာမကဘဲ ကြောင်သေး၊ ကြွက်သေးနဲ့ ဆိုင်သန့် ရှင်းတဲ့chemicals များကိုပါ ကြံက စုပ်ယူ ထားလိုက်တာကြောင့်ပါ။ ငယ်ငယ်က လူကြီးတွေပြောတာ မိုးဗြဲဒယ်နဲ့ချက်တဲ့ ပွဲဟင်းများ ဆားထည့်လွန်သွားလျှင် ကြံတချောင်းလောက်ပစ်ထည့်လိုက်ပါက ကြံက ဆားတွေကို စုပ်ယူသွားတယ်လို့်ဆိုပါတယ်။
ကြံက အဲ့ဒီလောကထိစုပ်အားကောင်းပါတယ်။
တနေ့မှာ ကြံရည်အလွန်ကြိုက်သော ကိုယ်ဝန်သည်အမျိုးသမီး ယောက်ဟာ ကိုယ်ဝန် ခုနှစ်လမှာပျက်ကျ သွားပါတယ် ။ ကလေးကို autopsy လုပ်ကြည့်တဲ့အခါမှာ ကြောင်သေး နဲ့တူတဲ့ ဓာတုပစ္စည်းများ ကို ကလေးကိုယ်ထဲမှာတွေ့ရှိရကြောင်း သိရှိရပါတယ်။
ကြံရည်သောက်သူများ သတိပြုကြစေဖို့ . . .
Online ဆေးခန်း
Sign up here with your email
ConversionConversion EmoticonEmoticon