ကူညီကယ်ဆယ်ရေး သမားတွေ မရောက်နိုင်သေးပဲ ဝေဟင်ကနေသာ အစားအသောက်တွေကို ပစ်ချပေးနေရတာ ဖြစ်ပါတယ်။ (Credit: Reuters) |
Panjshir ပြည်နယ် အာဏာပိုင်တွေရဲ့ အဆိုအရ အဲဒီဒေသမှာ အမြင့်အားဖြင့် မီတာ ၄၀ လောက်ရှိတဲ့ နှင်း ထုတွေ ထပ်မံ ပြိုကျလာတာ ဖြစ်ပြီး တချို့ရွာတွေဆီ သွားတဲ့ လမ်းတွေကို ပိတ်ချလိုက်တာ ဖြစ်ပါတယ်။ အဲဒီ ဒေသမှာပဲ အရင်ရက်တွေတုန်းက နှင်းထု ပြိုကျမှုတွေ၊ ရေကြီးမှုတွေ ဖြစ်ခဲ့ပြီး နှစ်ပေါင်း ၃၀ အတွင်း အဆိုးဝါးဆုံး ကပ်ဆိုးကြီး ဖြစ်တယ်လို့ သိရပါတယ်။
နှင်းထုအောက်မှာ တချို့လူတွေ ပိတ်မိမှာကို စိုးရိမ်နေကြပြီး သေဆုံးမှုနှုန်းက ဒီထက်မက များပြားမှာကို လည်း စိုးရိမ်နေကြပါတယ်။ အရင်ရက်တုန်းက ဖြစ်ပေါ်ခဲ့တဲ့ နှင်းထု ပြိုကျမှုအတွင်း လူပေါင်း ၂၈၀ ကျော် သေဆုံးခဲ့ရပါတယ်။
တောင်ပေါ်က နှင်းထု ပြိုကျမှုဒဏ်ကို အဆိုးဝါးဆုံး ခံစားခဲ့ရတဲ့ ဒေသကိုလည်း အခုအချိန်ထိ ကူညီကယ် ဆယ်ရေး သမားတွေ မရောက်နိုင်သေးပဲ ဝေဟင်ကနေသာ အစားအသောက်တွေကို ပစ်ချပေးနေရတာ ဖြစ်ပါတယ်။
အာဖဂန်နစ္စတန် သမ္မတ Ashraf Ghani က အီရန်နိုင်ငံကို လည်ပတ်မယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်သ လို သုံးရက်ကြာ ဝမ်းနည်းခြင်း အထိမ်းအမှတ်တွေ ပြုလုပ်မယ်လို့လည်း ကြေညာလိုက်ပါတယ်။
ABC Radio Australia
Sign up here with your email
ConversionConversion EmoticonEmoticon