လိင်တူဆက်ဆံ သူများကို ကွပ်မျက်ရေးအတွက် ဆန္ဒခံယူပွဲပြုလုပ်ရန် ကယ်လီဖိုးနီးယား အမတ်တစ်ဦး အဆိုပြု


ကယ်လီဖိုးနီးယားပြည်နယ်တွင် လိင်တူဆက်ဆံမှုကို ကန့်သတ်ရန် မလိုက်နာပါက သေဒဏ်ပေးရန်တို့ အတွက် လူထုဆန္ဒခံယူပွဲကျင်းပရန် အဆိုပြုချက်တစ်ခုကို ကယ်လီဖိုး နီးယားရှေ့နေတစ်ဦးက ပြုလုပ်ခဲ့ ကြောင်း AFP သတင်းအရ သိရ သည်။

ထိုအဆိုပြုချက်ကို အစိုးရရှေ့ နေမက်သရူးမက်လက်လင်က ကယ်လီဖိုးနီးယား အစိုးရရှေ့နေ ချုပ်ထံ တင်ပြခဲ့ခြင်းဖြစ်ပြီး ဆက်လက် ဆောင်ရွက်ရန် သဘောတူလက် မှတ်ပေါင်း ၃၆ဝဝဝဝ လိုအပ်သော ကြောင့် ယင်းသည် ရှေ့ဆက်ဆောင် ရွက်နိုင်ခြေ မရှိပေ။ ပုံမှန်မဟုတ် သော လိင်ဆက်ဆံမှုသည် စက်ဆုပ် ဖွယ်ကောင်းသော အပြုအမူဖြစ်ပြီး ယင်းကို Alimghty နတ်ဘုရားက လုံးဝခွင့်လွှတ်မည်မ ဟုတ်ကြောင်း ထိုအဆိုပြုချက်တွင် ပါဝင်သည်။

''လိင်တူဆက်ဆံသူကို သတ်ခြင်း သည် ကျန်လူများကို နတ်ဘုရားက သေစေခြင်းထက် ပိုကောင်းကြောင်း နှင့် အခြားလိင်တူတစ်ဦးကိုမှ နှစ်သက်သူအား သေနတ်ဖြင့်ပစ် သတ် သို့မဟုတ် အခြားနည်းလမ်းများ ဖြင့် ကွပ်မျက်သင့်ကြောင်း မက်လက် လင်က ရေးသားထားသည်ဟု သိရ သည်။

သို့သော် ၄င်း၏ဆောင်ရွက် မှုကို လိင်တူအခွင့်အရေး ဆောင် ရွက်သူများက ပြင်းပြင်းထန်ထန် ကန့်ကွက် သည်။ ဒီအဆိုပြုချက်ဟာ လက်ခံနိုင်စရာ မရှိကြောင်း စိတ်ပျက် စရာကောင်းကြောင်း၊ ပြောကာ ယင်းက ကယ်လီဖိုးနီးယားပြည်သူ များ၏ စိတ်ဓာတ်ယုံကြည်မှုတို့နှင့် လုံးဝ ဆန့်ကျင်ကြောင်း လူ့အခွင့်အ ရေးအ ဖွဲ့ခေါင်းဆောင်တစ်ဦးကဆို သည်။

ထို့အပြင် ယင်းက လိင်တူချစ် သူများ (LGBT) အပေါ် ယခုထက် ပို၍ ကာကွယ်မှုပေးရန် လိုအပ်နေ သည်ကို မီးမောင်းထိုးပြခြင်းဟုလည်း ယင်းက ပြောခဲ့သည်။

Democracytoday
Previous
Next Post »
Powered by Blogger.