ထမင်းဖြတ်ချင်လိုအပါဆရာ


လယ်သမားဝန်ကြီးက
ထမင်းတစ်နပ်လျော့စားခိုင်းတယ်။
အလုပ်သမားဝန်ကြီးက
မရှိရှိတာချွေတာစားတဲ့။

စားစရာမရှိတော့
ကိုယ့်လက်ညိုးကိုယ့်စုပ်နေရမှာအတူတူတော့
ဆရာရေ။
မိခင်တွေခလေးမရအောင်
သားအိမ်အပြင်ထုတ်ပစ်တဲ့နည်းအတိုင်း
ကျနော်တို့မိသားစုရဲ့
အစာအိမ်တွေကိုလည်းထုတ်ပေးပါဆရာ။
Previous
Next Post »
Powered by Blogger.