ပိုလန်နိုင်ငံမှာရှိတဲ့ လယ်သမား တစ်ဦးဟာ သေးငယ်တဲ့ ဖီးယက် အမျိုးအစား ကားငယ်လေးထဲမှာ နွားသားပေါက် တစ်ကောင် တင်လာခဲ့တာကြောင့် ဒဏ်ရိုက် ခံရတယ်လို့ သိရပါတယ်။ အသက် (၅၃) နှစ်ရှိပြီ ဖြစ်တဲ့ ဂရာဘော့စကီးဟာ နွားသားပေါက်လေးကို ဆေးခန်းပြ ပြီးနောက် ပြန်သယ်လာစဉ်မှာ ယာဉ်ထိန်းရဲက တွေ့ခဲ့တာကြောင့် စစ်ဆေး မေးမြန်း ခံခဲ့ရပါတယ်။
ဖီးယက်ကားဟာ အလွန်သေးပြီး နောက်ခန်းထဲမှာ နွားသားပေါက်ကို ဘယ်လို ထည့်သွင်း သယ်ဆောင် လာသလဲ ဆိုတာကို ယာဉ်ထိန်း ရဲအနေနဲ့ စဉ်းစားမရအောင် ဖြစ်ခဲ့ပါတယ်။ နွားသားပေါက်ကို ကားနောက်ခန်းထဲမှာ စနစ်တကျ ထည့်သွင်းထားတာ ဖြစ်ပြီး သစ်သားတန်း၊ ကောက်ရိုးတွေကိုပါ ထားရှိ ပေးထားပါတယ်။
ယာဉ်ထိန်းရဲက ဒီပုံစံနဲ့ လုံးဝ သွားခွင့်ပေးမှာ မပာုတ်ဘူးလို့ တားမြစ်ခဲ့ပြီး သွားချင်ပါက လမ်းလျှောက် သွားရမည် ဖြစ်ကြောင်းဆိုခဲ့ ပါတယ်။ ယာဉ်ထိန်းရဲက မိမိအနေဖြင့် မယုံကြည် နိုင်လောက်အောင် ဖြစ်မိကြောင်း၊ အလွန်သေးငယ်တဲ့ ကားထဲမှာ နွားပေါက် တစ်ကောင် ထည့်သွင်းထားခြင်းဟာ အန္တရာယ် များလွန်းကြောင်း ပြောကြားခဲ့ပါတယ်။
ရဲတပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက လယ်သမားမှာ နွားသားပေါက်ကို ကားငယ်နဲ့ သယ်ဆောင်လာခြင်း ဖြစ်ကြောင်း၊ ထို့ကြောင့် ကားငယ်လေးနဲ့ သယ်ယူခွင့်ပြုရန် တောင်းဆို ခဲ့သော်လည်း ခွင့်မပြုခဲ့ကြောင်း၊ နွားသားပေါက်ကို ထရပ်ကားနဲ့ ပြန်လည် သယ်ဆောင်စေပြီး၊ ဒဏ်ငွေ ပေါင် (၁၀၀) တပ်ရိုက်ကာ လိုင်စင်ကိုလည်း ပိတ်သိမ်းခဲ့ကြောင်း ဆိုခဲ့ပါတယ်။
messenger
Sign up here with your email
ConversionConversion EmoticonEmoticon