ရုရှားနိုင်ငံသား တစ်ဦးဟာ ရှန်ပိန်ပုလင်း (၁၂၀၀၀) ကျော်ကို အသုံးပြုပြီး နေအိမ်တစ်လုံး တည်ဆောက် ခဲ့တာကြောင့် အများရဲ့ စိတ်ဝင်စားခြင်းကို ရရှိခဲ့ပါတယ်။ Chelyabinsk မြို့မှာ နေထိုင်တဲ့ အသက် (၅၂) နှစ် အရွယ်ရှိ အိုင်ချီဘီယက်ဗ်ဟာ ရှန်ပိန် ပုလင်းတွေနဲ့ အိမ် တည်ဆောက်ခဲ့တာကြောင့် ဒေသခံတွေ အကြားမှာတော့ ပေါ်ပြူလာ ဖြစ်နေတယ်လို့ သိရပါတယ်။
အိုင်ချီ ဘီယက်ဗ်ဟာ ဘီယာပုလင်း၊ ဗော့ဒကာ ပုလင်းစတာတွေနဲ့ အိမ်တစ်လုံး တည်ဆောက်ဖို့ အရင် ကတည်းက စိတ်ကူးရှိခဲ့တာ ဖြစ်ပါတယ်။ အိုင်ချီဘီယက်ဗ်ရဲ့ စိတ်ကူးကို မိသားစု ၀င်တွေကလည်း ထောက်ခံ ခဲ့ကြပါတယ်။ ဒါပေမဲ့ အိုင်ချီဘီယက်ဗ်ဟာ အကောင်အထည် ဖော်နိုင်ခဲ့ခြင်း မရှိပါဘူး။
အိုင်ချီဘီယက်ဗ်ရဲ့ သားတစ်ဦးဟာ အသက် (၁၈) နှစ် အရွယ်မှာ ကွယ်လွန် သွားခဲ့ပါတယ်။ ဒီနောက် အိုင်ချီဘီယက်ဗ်ဟာ မိသားစု အတွက် ရှန်ပိန် ပုလင်းတွေနဲ့ တည်ဆောက်ထားတဲ့ အိမ်တစ်လုံး တည်ဆောက်သွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
အိုင်ချီဘီယက်ဗ်ဟာ ရှန်ပိန်ပုလင်းတွေ ရရှိဖို့ သုံးနှစ်ခန့် စုဆောင်း ခဲ့ရပါတယ်။ ဒီလို စုဆောင်းရာမှာ အချို့ ကို ၀ယ်ယူ ခဲ့ရသလို အချို့ကိုတော့ တောင်းယူခဲ့ပါတယ်။ ရှမ်ပိန် ပုလင်းတွေကို စားသောက်ဆိုင်တွေက အဓိက စုဆောင်းခဲ့ခြင်း ဖြစ်ပါတယ်။
အိုင်ချီဘီယက်ဗ်က ရှန်ပိန်ပုလင်း အလွတ်တွေဟာ အရွယ်အစား မတူညီတာကြောင့် အခက်အခဲ အချို့ ရှိခဲ့သော်လည်း မှန်ဖြတ်ပစ္စည်းနဲ့ တူညီအောင် ပြုလုပ်ခဲ့ကြောင်း ဆိုခဲ့ပါတယ်။ မြောက်မြားစွာသော ပုလင်းတွေကို ဖြတ်တောက်မှု ပြုလုပ် ခဲ့ရတာကြောင့် ပုလင်းတစ်လုံးကို အချိန်အဆ မှန်ကန်စွာ ဖြတ်တောက်မှု ပြုလုပ်နိုင်ခဲ့ပါတယ်။
အောက်ခြေကို ခိုင်ခန့်အောင် ပြုလုပ်ပြီးမှ ပုလင်းတွေကို နံရံတွေလို ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ပုလင်းတွေ အပေါ်မှာလည်း ရာသီဥတုဒဏ် ခံနိုင်အောင် အမိုးအကာ လုံခြုံစွာနဲ့ တည်ဆောက်ခဲ့ပါတယ်။
အပြင်က ကြည့်ရင် ပုလင်းတွေနဲ့ ဖန်တီးထားတာကို မြင်ရမှာဖြစ်ပေမယ့် အတွင်းပိုင်းက ကြည့်မယ် ဆိုရင်တော့ သာမန် အိမ်တစ်လုံး ပုံစံမျိုးဖြစ်နေတာ တွေ့ရမှာ ဖြစ်ပါတယ်။ အတွင်းပိုင်းမှာ အအေးဒဏ် ခံနိုင်ရည် ရှိအောင်လည်း ပြုလုပ်ထားပြီး နှစ် (၁၀၀)လောက် ခံနိုင်ရည် ရှိအောင် ဆောက်လုပ်ထားခြင်း ဖြစ်ပါတယ်။
messenger
Sign up here with your email
ConversionConversion EmoticonEmoticon