ဓာတ်ပုံ – နန်းအိန့်ခန်း |
ဒီခရီးစဉ်ဟာ ထိုင်းနိုင်ငံက Praew မဂ္ဂဇင်း မျက်နှာဖုံးအတွက် ဓာတ်ပုံတွေလာရိုက်တာဖြစ်သလို ထိုင်းနဲ့ မြန်မာကြားချစ်ကြည်ရင်းနှီးမှု တည်ဆောက်ဖို့လည်း ဖြစ်တယ်လို့ မတ်လ ၂၉ ရက် ညက တည်းခိုရာ တော်ဝင်ဂါးဒင်းဟိုတယ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုံချိုင်းက သတင်းထောက်တွေကို ပြောပါတယ်။
မြန်မာပြည်ခရီးစဉ်အတွင်း တေးဂီတဖျော်ဖြေဖို့ အစီအစဉ်ရှိမရှိကိုတော့ ပြောမသွားဘူးလို့ ညစာစားပွဲ တက်ရောက်သူ သရဖူမဂ္ဂဇင်း အမှုဆောင်အယ်ဒီတာ နန်းအိန့်ခမ်းက ဒီဗွီဘီကို ပြောပါတယ်။
ဒီတွေ့ဆုံပွဲမှာ ခန့်စည်သူ၊ နေတိုး၊ ကျော်ကျော်ဗို၊ ခိုင်သင်းကြည်၊ ခင်လေးနွယ်စတဲ့ မြန်မာ အနုပညာ ရှင်တွေ လည်းတက်ရောက်ခဲ့တယ်လို့ဆိုပါတယ်။
အဆိုတော် ထုံချိုင်းဟာ မတ်လ ၂၉ ရက်နေ့ မွန်းလွဲပိုင်းက မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိ လာတာဖြစ်ပြီး ရန်ကုန်အပြည်ပြည်လေဆိပ်ကို ရောက်ရှိလာတဲ့ ဘာ့တ်ထုန်ချိုင်းကို မြန်မာပြည်က ပရိတ် သတ် ၁၀၀ ကျော် ဆိုင်းဘုတ် ပိုစတာတွေနဲ့ လာရောက်ကြိုဆိုခဲ့ကြပါတယ်။
သူဟာ မြန်မာပြည်ကို ပထမဆုံးအကြိမ် သွားရောက်ဖို့ရှိကြောင်း သူ့ရဲ့ကိုယ်ပိုင်ဖေ့စ်ဘုတ်မှာ လွန်ခဲ့တဲ့ လတွေကတည်းက ကြေညာထားပေမယ့် အခုမှ ရောက်ရှိလာတာပါ။
ထိုင်းနိုင်ငံက ထိပ်သီးအနုပညာရှင် ထုံချိုင်းဟာ လွန်ခဲ့တဲ့ နှစ် ၃၀ လောက်ကတည်းက အနုပညာလောက ထဲ စတင်ဝင်ရောက်လာခဲ့ပြီး တေးရေး၊ တေးဆိုခြင်း အပြင် ပြဇာတ်မင်းသား၊ ရုပ်ရှင်သရုပ်ဆောင်၊ အစီအ စဉ် ကြေညာသူအဖြစ်ပါလုပ်ကိုင် ဆောင်ရွက်နေသူဖြစ်ပါတယ်။
ထိုင်းဘုရင့်သမီးတော်နဲ့ အဖွဲ့အစည်းများ၊ ကုမ္ပဏီတွေက နှစ်အလိုက် ရွေးချယ်ချီးမြှင့်တဲ့ အကောင်းဆုံး အဆိုရှင်ဆု၊ အကောင်းဆုံး အစီအစဉ်ကြေညာသူ၊ အတော်ဆုံး သရုပ်ဆောင်၊ အကောင်းဆုံး အနုပညာရှင် ဆုတွေ အများအပြားရရှိထားသူလည်း ဖြစ်ပါတယ်။
သူရဲ့နာမည်ကျော်သီချင်းသံစဉ်တွေကိုယူပြီး မြန်မာ အဆိုတော်တွေကလည်း ကော်ပီ ပြန်လည်သီ ဆိုအောင်မြင်ကြတာတွေရှိပါတယ်။
ဘာ့ထ်ထုံချိုင်းဟာ လက်ရှိ အသက် ၅၇ နှစ် ရှိပြီဖြစ်ပြီး ဖခင်မှာ စကော့တလန်နဲ့ မွန် ကပြား၊ မိခင်မှာ ထိုင်းလူမျိုးဖြစ်ကာ ဘန်ကောက်ထွန်းပူရီးခရိုင်ဇာတိဖြစ်တယ်လို့ ၀ိကီပီးဒီးယားမှာ ဖော်ပြထားပါတယ်။
နန်းမြနဒီ - DVB
Sign up here with your email
ConversionConversion EmoticonEmoticon