သောမက်စ် အယ်ဒီဆင်သည် တမလွန်လောကသားများ၏ အသံကို ဖမ်းယူနိုင်သော စက် တစ်မျိုး တီထွင် ဖန်တီးရန် ကြိုးပမ်းခဲ့ဖူးကြောင်း သိရသည်။
အယ်ဒီဆင်အား လျှပ်စစ်မီးလုံးတီထွင်မှု၊ ဓာတ်စက် တီထွင်မှုများကဲ့သို့သော တီထွင်မှုများကြောင့် လူသိ များကြသည်။ သို့သော်လည်း အယ်ဒီဆင်သည် အကြိမ်ပေါင်းများစွာ တီထွင်ကြိုးပမ်းမှု လုပ်ဆောင်ခဲ့ပြီး ထိုတီထွင်မှုများထဲတွင် လူသိနည်းသော တီထွင်ကြိုးပမ်းမှုမှာ သေဆုံးသွားသော သူများနှင့် ဆက်သွယ် ပြောကြားနိုင်မည့် စက်ကို တီထွင်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။
ထိုတီတွင်ကြိုးပမ်းမှုအား လူအများအား အသိပေးကြားခြင်း မရှိခဲ့ပေ။ ၁၉၄၉တွင် ပြင်သစ်ဘာသာ တည်းဖြတ်ပြန်ဆိုထားသည့် စာအုပ်တွင် သူ၏ စမ်းသပ်တီထွင်ချက်များအား အသေးစိတ် မှတ်တမ်းတင် ရေးသားထားချက်များကို ဖော်ထုတ်တွေ့ရှိရာမှ သိရှိရခြင်းဖြစ်သည်။
၁၈၇၀ ခုနှစ်နောက်ပိုင်းတွင် သေဆုံးသူ အသံများကို ဖမ်းယူနိုင်ရန် အယ်ဒီဆင်သည် သူ၏ ဓာတ်စက် တစ်ခုမှ အသံကို အလွန်ကျယ်လောင်စွာ တီထွင် လုပ်ဆောင်၍ ၀ိညာဉ်စကားပြော ကြေးနန်း တစ်ခုဖြစ် လာအောင် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။
သူသည် ထိုတီထွင်မှု အောင်မြင်လိမ့်မည်ဟု ယုံကြည်ခဲ့ပြီး အင်ဂျင်နီယာ တစ်ဦးဖြစ်သော William Walter Dinwiddie နှင့်ပင် သူတို့နှစ်ဦး တစ်ဦးဦး အရင်သေဆုံးခဲ့ပါက ထိုစက်ဖြင့် ဆက်သွယ်မှု လုပ်ကြရန် သဘောတူညီမှု လုပ်ခဲ့သည်။
သို့သော်လည်း အယ်ဒီဆင်သည် အမှန်တကယ် ၀ိညာဉ် ဆယ်သွယ်မှုနှင့် ပတ်သက်၍ အထောက်အထား တစ်စုံတစ်ရာ လုပ်ဆောင်နိုင်ခဲ့ခြင်း ရှိမရှိမှာမူ ယခုအထိ ပဟေဠိ ဆန်နေဆဲ ဖြစ်သည်။
ကြည်ပြာ - Trend Myanmar
Sign up here with your email
ConversionConversion EmoticonEmoticon