ရက်စက်ကြမ်းကြုတ်တဲ့ တရုတ်ပြည်က ခွေးတိုက်ပွဲများ


တရုတ်ပြည်တောင်ပိုင်းက ရွာလေးတစ်ရွာမှာ ဒေသခံတွေ အများအပြားအားပေးကြတဲ့ ပွဲတော်တစ်ခုရှိပါ တယ်။ အဲဒါကတော့ ခွေးတိုက်ပွဲလို့ခေါ်တဲ့ ခွေးနှစ်ကောင်ကို လှောင်အိမ်ထဲထည့်ပြီး အသေကိုက်ခိုင်းတဲ့ ပွဲဖြစ်ပါတယ်။ ခွေးနှစ်ကောင်ဟာ လှောင်အိမ်ထဲမှာ တစ်ကောင်နဲ့ တစ်ကောင် အသေအကြေကိုက်နေကြ ပြီး ဒါကိုအော်ဟစ်အားပေးနေတဲ့ ပရိတ်သတ်တွေဟာလည်း ရာနဲ့ချီရှိနေပါတယ်။

ခွေးကိုက်ပွဲကို ဦးစီးကျင်းပပေးတဲ့ အသက် ၄၅ နှစ်အရွယ် ရှီဖန်းကတော့ အခုလို ပြောပါတယ်။ ‘‘ လူတွေ က ကျွန်တော်တော်တို့ ဒီပြိုင်ပွဲလုပ်တာကို ဝေဖန်ကြတယ်ဗျ။ ဒါပေမယ့် ဒီရွာလေးဟာ ဆင်းရဲသိပ်နုတ်တဲ့ ရွာလေးပါ။ ဒီကလူတွေဟာ ဖျော်ဖြေရေးဆိုတာကို ကိုယ့်ဘာသာ ရှာကြံပြီး လုပ်ယူမှ ကြည့်ရတာပါ’’ လို့ သူက ပြောပါတယ်။ အဲဒီဒေသဟာ တရုတ်ပြည်တောင်ပိုင်း ကျီရှန်းကောင်တီထဲက ဆန်ကျီအော် ဆိုတဲ့ ရွာဖြစ်ပြီး ဝေးလံခေါင်ဖျားတဲ့ ဒေသလည်းဖြစ်ပါတယ်။ အထူးသဖြင့် အခုလို နွေဦးရာသီအချိန်မှာ ဒီခွေး ကိုက်ပွဲကို ကျင်းပကြတာဖြစ်ပါတယ်။

ဒီလို တုန်လှုပ်စရာမြင်ကွင်းမျိုးကို မြင်ရတဲ့အတွက် တရုတ်ပြည်တောင်ပိုင်းက တိရိစ္ဆာန်အခွင့်အရေး တက် ကြွလှုပ်ရှားသူတွေအဖွဲ့က ခွေးတွေကို ကာကွယ်ပေးတဲ့ဥပဒေတစ်ရပ် အမြန်ဆုံးထုတ်ပေးဖို့ အစိုးရကို အဆက်မပြတ်တောင်းဆိုနေကြပါတယ်။ ခွေးကိုက်ပွဲကို ကျင်းပတဲ့ ဒေသခံတွေကတော့ ဒါဟာ ဒေသ ခံပြည်သူတွေအတွက် ဖျော်ဖြေပွဲသက်သက်သာ ဖြစ်တယ်လို့ ကာကွယ်ပြောကြားတာကို တိရိစ္ဆာန်အခွင့် အရေး လှုပ်ရှားသူတွေကို ပိုပြီးဒေါသဖြစ်စေတဲ့ စကားဖြစ်ခဲ့ပါတယ်။

ခွေးတစ်ကောင်ယူလာနိုင်တဲ့ ဘယ်သူမဆို ဒီပြိုင်ပွဲကို ပါဝင်ခွင့်ရှိပြီး အနိုင်ရတဲ့ ခွေးပိုင်ရှင်ဟာ စီးကရက် တစ်တောင့်နဲ့ ခွေးစာခွက်တစ်ခုကို ဆုကြေးအဖြစ် ရရှိမှာဖြစ်ပါတယ်။ တစ်ချို့နိုင်ငံတွေမှာ ခွေးချင်းကိုက်တဲ့ ပြိုင်ပွဲမျိုးလုပ်တာကို တားမြစ်ထားပေမယ့် တရုတ်မှာတော့ နှစ်စဉ်နှစ်တိုင်း ဒါမျိုးပွဲတော်တွေ များစွာလုပ်လေ့ ရှိပါတယ်။ တရုတ်ရဲဘက်ကတော့ ဒီပြိုင်ပွဲဟာ အခြေခံဥပေဒကို ချိုးဖောက်တာမဟုတ်သလို တရားဝင်တိုင် ကြားမှုလည်း မရှိသေးတာကြောင့် အရေးမယူဘူးလို့ ပြောပါတယ်။

Planet Myanmar
Previous
Next Post »
Powered by Blogger.