ကျောင်းသားသပိတ်တည်းခိုရာ ဘုန်းကြီးကျောင်းကို ရဲအဖွဲ့ဝိုင်းဝန်းပိတ်ဆို့







မတ်လ ၂ ရက် တနင်္လာမနက်ခင်းမှာ ကျောင်းသားတွေ ချီတက်ဖို့ လက်ပံတန်းမြို့ အောင်မြေဗိမာန် ကျောင်းတိုက်ကနေ ထွက်ခွာကာနီးမှာ လုံထိန်းကား ၁၁ စီးရောက်လာပြီး ကျောင်းကို ပိတ်ဆို့ခဲ့ပါတယ်။
ပဲခူးတိုင်းနယ်လုံဝန်ကြီးက ကျောင်းသားခေါင်းဆောင်တွေနဲ့ ဆွေးနွေးချင်တယ်လို့လည်း လာရောက်ဝိုင်း ဝန်းတဲ့ လုံခြုံရေး အဖွဲ့ရဲ့ အကြီးအကဲကပြောပါတယ်။

ကျောင်းသားတွေက ဆွေးနွေးချင်ရင် ၁၀ မိနစ်အတွင်း ဝိုင်းဝန်းပိတ်ဆို့ထားတဲ့ ကားတွေကို ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့ပါတယ်။

နယ်လုံဝန်ကြီးနဲ့ ဆွေးနွေးမပြီးမချင်း ကျောင်းကနေ မထွက်ခွာဘူးလို့ အာမခံခဲ့တဲ့ အတွက် ကားတွေကို မလှမ်းမကမ်းဆီ ဆုတ်ခွာပေးခဲ့ပါတယ်။

နယ်လုံဝန်ကြီးနဲ့ တွေ့ဆုံဆွေးနွေးဖို့ ကျောင်းသားခေါင်းဆောင် တချို့ကားနဲ့ လိုက်ပါသွားကြပါတယ်။
မနေ့ညကလည်း ဘုန်းကြီးကျောင်းဝိုင်းအတွင်းမှာ အိပ်စက်စဉ် ညဘက်မှာ လျှပ်စစ်မီး ဖြတ်တောက်တာနဲ့ ခဲနဲ့ ပစ်ပေါက်တာမျိုးတွေ ရှိခဲ့တယ်လို့ ကျောင်းသားတွေဘက်က ပြောပါတယ်။

ပြည်ထဲရေးဝန်ကြီးက ရန်ကုန်တိုင်းထဲကို ဝင်ရောက်ရင် တည်ဆဲဥပဒေတွေနဲ့ အရေးယူမယ်လို့ မကြာခင်ရက်ပိုင်းအတွင်းက သတိပေးချက်ထုတ်ပြန်ထားခဲ့ပေမယ့် ကျောင်းသားတွေက ပြန်လည်ချီတက်ဖို့ ဒီနေ့မနက်မှာ ပြင်ဆင်နေစဉ်လုံထိန်းအဖွဲ့က လာရောက်ပိတ်ဆို့ခဲ့တာဖြစ်ပါတယ်။

ယနေ့ (၂.၃.၂၀၁၃) မနက် ၈း၄၅ တွင်…လက်ပန်းတန်းမှာရှိတဲ့။ ကျောင်းသားများပင်မသပိတ်စစ်ကြောင်း တည်းခိုရာအောင်မြေဗိမ္မာန်ကျောင်းတိုက်အားရဲတပ်ဖွဲ့မှစတင်ဝိုင်းဝန်းပိတ်ဆို့ တားဆီးနေပြီဟုကြားသိရပါသည်…။
Previous
Next Post »
Powered by Blogger.