သမိုင်းတစ်လျှောက် ကမ္ဘာ့အကြီးဆုံး ရေကြောင်း စစ်ပွဲ


AD 208 က ဖြစ်ခဲ့တဲ့ တရုတ်ပြည်က Red Cliff စစ်ပွဲက စစ်သည်အင်အား အရေအတွက် အားဖြင့် ယှဉ်ရင် သမိုင်းတစ်လျှောက် အကြီးဆုံးစစ်ပွဲ အဖြစ် မှတ်တမ်းတင်ပါတယ်။ ဒါပေမယ့် ယနေ့ခေတ် ကုန်ကျစရိတ် အားဖြင့်နဲ့ အခြား နည်းလမ်းများနဲ့ တိုင်းတာလိုက်ရင် ဖိလစ်ပိုင် သမုဒ္ဒရာမှာ ဖြစ်ခဲ့တဲ့ Battle of Leyte Gulf က အကြီးဆုံး ဖြစ်ပါတယ်။

ဒုတိယ ကမ္ဘာစစ် (၁၉၄၄ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့ကနေ ၂၆ ရက်နေ့ အထိ) မနားတမ်း ဖြစ်ခဲ့ တဲ့ စစ်ပွဲ ဖြစ်ပြီး အမေရိကန်နဲ့ သြစတေးလျ တို့မှ ပူးပေါင်းလို့ ဂျပန်ကို တိုက်ခိုက်ခြင်း ဖြစ်ပါတယ်။ အမေရိ ကန်နှင့် သြစတေးလျ ဘက်မှ သေဆုံးသူ ၂၈၀၀၊ စစ်သည်နှင့် လက်နက်တင် သင်္ဘော ၃ စီး၊ ဖျက်သင်္ဘော ၃ စီးနဲ့ လေယာဉ်ပေါင်း အစီး ၃၀၀ ကျော် ပျက်ဆီးခဲ့ ပါတယ်။

ဂျပန်ဘက်က အပျက်အဆီးက ပိုများပါတယ်။ စစ်သည်အင်အား ၁၂၅၀၀ (၁သောင်း၂ထောင်၅ရာကျော်) သေဆုံးပြီး လေယာဉ်တင် သင်္ဘော တစ်စီး၊ အခြား စစ်လက်နက်တင် သင်္ဘောတစ်စီး၊ စစ်သင်္ဘော ၃ စီး၊ ဖျက်သင်္ဘော ၁၁ စီး၊ ခရူဆာ သင်္ဘော ၁၀ စီး အစရှိသဖြင့်တို့ အပြင် လေယာဉ် အစီး ၃၀၀ ကျော် ပျက်ဆီးခဲ့ပါတယ်။

အင်အားအသုံးပြုမှုအနေနဲ့ကလည်း အမေရိကန်နဲ့ သြစတေး ပူးပေါင်း စစ်အင်အင်အားမှာ ရေငုပ်သင်္ဘော အပါအဝင် စစ်သင်္ဘော အမျိုးအစား ပေါင်းစုံနဲ့ စုစုပေါင်း အစီးရေ ၃၀၀ ကျော် ပါဝင်ပြီး တိုက်လေယာဉ်က အစီးရေ ၁၅၀၀ ကျော် ပါဝင်ပါတယ်။

ဂျပန်ဘက်မှာတော့ တိုက်လေယာဉ် အစီး ၃၀၀ ကျော်ပါပြီး အစီးရေ ၃၀၀ ကျော်စလုံး ဆုံးရှံးကုန်ပါတယ်။ ဂျပန်ရဲ့ သမိုင်းတစ်လျှောက်မှာလည်း တိုက်လေယာဉ်များမှ အသေခံပြီး လေယာဉ်နဲ့ ရန်သူသင်္ဘောကို ဝင်တိုက် ထိုးချတဲ့ တိုက်ပွဲ ဖြစ်ခဲ့ ပါတယ်။ စစ်င်္ဘော အရေအတွက် အားဖြင့် ကတော့ ၆၇ စီးပဲ ပါခဲ့တာပါ။ အင်အားချင်း ကြည့်လိုက်ရင် သိသိသာသာကွာနေခဲ့ပေမယ့် စစ်ပွဲကို ၄ ရက်ကြာ တောင့်ခံပြီး တိုက်ခဲ့ခြင်း ဖြစ်ပါတယ်။

ဂျပန်အင်ပါယာကို အာရှဘက်မှာ ခါးဆက်ပျက်အောင် အမေရိကန်နဲ့ သြစတေးလျတို့ ပူးပေါင်း တိုက်ခိုက် တဲ့ စစ်ဆင်ရေး ဖြစ်ပါတယ်။ စစ်ကြောင်း သုံးခုထက်မက ချီတက်ရပြီး စစ်ဖြစ်တဲ့ နေရာမှာ ပင်လယ်ပြင်ထဲ မှာ လေးခုလောက် ကွဲသွားခြင်း ဖြစ်ပါတယ်။ ဖိလစ်ပိုင်မှာ ခြေကုပ်ယူထားတဲ့ တပ်ဟာ အရှေ့တောင် အာရှမှာ ဂျပန်ကြီးစိုးဖို့ အများကြီး ထောက်ပံ့တဲ့ နေရာ တစ်ခုဖြစ်ပြီး သူ့ကို သိမ်းလိုက်နိုင်ရင် ဂျပန် အင်ပါ ယာအတွက် များစွာ အထိနာ စေမယ့် စစ်ပွဲမျိုး ဖြစ်ပါတယ်။

တိုက်ပွဲဟာ ရေထဲမှာ လေးရက်ကြာ ဖြစ်ပြီး သေဆုံးသူ အရေအတွက်က ၂ ဘက်ပေါင်းလိုက်ရင် ၁ သောင်းခွဲမက ရှိခဲ့ ပါတယ်။ အမေရိကန်နဲ့ သြစတေး ပူးပေါင်း တပ်ဖွဲ့မှ အရေအတွက် ၂၈၀၀ ကျော်သာ သေဆုံးပေမယ့် ဂျပန်ဘက်က ၁သောင်း၂ ထောင်မက ရှိခဲ့ခြင်း ဖြစ်ပါတယ်။

ယနေ့တိုင် အောက်တိုဘာလ ၂၀ ဝန်းကျင် ရောက်တိုင်း ဖိလစ်ပိုင်နိုင်ငံ Leyte ပြည်နယ်က Palo မြို့မှာ ကျဆုံးသွားတဲ့ စစ်သည်များအတွက် အမှတ်ရ ဂုဏ်ပြုပွဲများ ပြုလုပ်ကြောင်း သိရ ပါတယ်။

အောင်ခမ်း (ရိုးရာလေး)
Previous
Next Post »
Powered by Blogger.