ဒီကိစ္စရဲ့အဓိက ပြသနာက Color Constancy ပါ ။ တကယ်ကသိပ်တော့မဆန်းလှပါဘူး ။ Color Constancy ဆိုတာကျွန်တော်တို့ငယ်ငယ်ထဲက Optical Illusion တွေမှာဆက်တိုက်တွေ့ရပါတယ်။ အောက်ကပုံလေးကိုတစ်ချက်ကြည့်လိုက်။ အရင်ဆုံး part 1 က Chessboard လေးမှာ Area A နဲ့ Area B ဆိုပြီးနှစ်ခုရှိတယ်။ ဒီတိုင်းကြည့်လိုက်ရင်မတူပါဘူး။ တကယ်ကနှစ်ကွက်လုံးရဲ့အရောင်ဟာတူတူပါပဲ။ (part B မှာကြည့်) ဘာလို့ကျွန်တော်တို့အဲ့လိုမြင်ရတာလဲ?
ကျွန်တော်တို့ဦးနှောက် က Visual System ကနေပြီးတော့ အရိပ်ထဲကျနေတဲ့ မီးခိုးရောင်အကွက်ကို အဖြူပဲဖြစ်ရမယ် လို့သွားပြီးတွက်တာကြောင့်ပါ။ ဒါပေမဲ့အလင်းထဲမှာရှိတဲ့မီးခိုးကွက်ကိုကြတော့ နဂိုထက်ကိုကြတော့မီးခိုးကွက်ဖြစ်ရမယ်လို့ပဲမြင်ကြပါတယ်။ အဲ့လိုဖြစ်တာကို Color Constancy လို့ခေါ်ပါတယ်။ Optical Illusionပေါ့။
ကဲ ...ကျွန်တော်တို့ဦးနှောက်တွေရဲ့အလုပ်လုပ်ပုံကမဆန်းဘူးလားဗျ?
ဟုတ်ပြီ .. အင်္ကျီကိစ္စ ကိုကြည့်ရအောင် ... ။ တကယ်ကအဲ့လောက်မရှုပ်ပါဘူး။ သဘောတရားတူတူပါပဲ ။ ဒါပေမဲ့ဒီမှာဘာကွာသွားလဲဆိုတော့ နောက်ခံ background ကို Brain ကနေပြီး အလိုအလျောက်ပုံဖော်တာမှာကွာသွားပါတယ်။ Chessboardတော့ တစ်ပုံလုံးကိုရှင်းရှင်းလင်းလင်းမြင်ရတဲ့အတွက်အကုန်လုံးအမြင်တူပါတယ်။ ဒီမှာအင်္ကျီကို Close-up ပဲရိုက်ပြထားတဲ့အတွက်နောက်ခံဦးနှောက်အသီးအသီးကပုံဖော်တာခြင်းမှာကွာသွားပါတယ်။ အဲ့တော့ဦးနှောက်ကသူ့အလိုအလျောက်ကို နောက်ခံ Background ကိုပုံဖော်ပေးပါတယ်။ အဲ့မှာ လက်ခံရယူတဲ့အမြင် (perception) ကွဲသွားကြတာပါပဲ ။
ဟုတ်ပြီ .. အင်္ကျီကိစ္စ ကိုကြည့်ရအောင် ... ။ တကယ်ကအဲ့လောက်မရှုပ်ပါဘူး။ သဘောတရားတူတူပါပဲ ။ ဒါပေမဲ့ဒီမှာဘာကွာသွားလဲဆိုတော့ နောက်ခံ background ကို Brain ကနေပြီး အလိုအလျောက်ပုံဖော်တာမှာကွာသွားပါတယ်။ Chessboardတော့ တစ်ပုံလုံးကိုရှင်းရှင်းလင်းလင်းမြင်ရတဲ့အတွက်အကုန်လုံးအမြင်တူပါတယ်။ ဒီမှာအင်္ကျီကို Close-up ပဲရိုက်ပြထားတဲ့အတွက်နောက်ခံဦးနှောက်အသီးအသီးကပုံဖော်တာခြင်းမှာကွာသွားပါတယ်။ အဲ့တော့ဦးနှောက်ကသူ့အလိုအလျောက်ကို နောက်ခံ Background ကိုပုံဖော်ပေးပါတယ်။ အဲ့မှာ လက်ခံရယူတဲ့အမြင် (perception) ကွဲသွားကြတာပါပဲ ။
အင်္ကျီကိုအဖြူ နဲ့ရွှေရောင်လို့မြင်တဲ့လူတွေဟာ ဖြစ်နိုင်ချေများတာကတော့ ဦးနှောင်ကနေပြီးဘေး ပတ်ဝန်းကျင်ဟာ နေသာတဲ့ကောင်းကင်ပြာပြာကြီးနောက်ခံနဲ့ ။ ဒါမှမဟုတ် ပြူတင်းပေါက်တစ်ခုနောက် ခံမှာသာနေတဲ့နေမင်းကြီးနဲ့ အပြာရောင်ဖျော့ဖျော့အခန်းလေးထဲမှာ ဆိုပြီးမြင်လို့ပါ ။ အဲ့ခါမှာသူတို့ဟာအ င်္ကျီကအဖြူရောင်ကိုအပြာရောင်ဖျော့ဖျော့မှိန်မှိန်လေးသန်းနေတယ်လို့မြင်နိုင်ပါတယ်။ ခုနက မဲနေတဲ့အ ရိပ်နေရာမှာ ကျွန်တော်တို့ဟာ Chess ကွက်လေးကိုအဖြူသန်းနေတဲ့လို့မြင်သလိုဖြစ်စဉ်နဲ့ တူတူပါပဲ ။ ရွှေရောင်ကိုတော့ မပြောင်းလဲတဲ့အရောင်အနေနဲ့ပဲမြင်ပါတယ်။
အင်္ကျီကိုအပြာနဲ့အနက် မြင်တဲ့လူတွေကတော့ဖြစ်နိုင်ခြေရှိတာဟာ ဦးနှောက်ကနေပြီးအ၀ါရောင်နောက် ခံဖော်ပေးလို့ပါ။ နေပူပူအ၀ါရောင်တောက်တောက် ။ ဒါမှမဟုတ် နွေရာသီမှာအခန်းထဲမှာ အ၀ါရောင်မီးလေးတွေနဲ့ပုံစံမျိုးမြင်နေလို့ပါ။ အဲ့အချိန်မှာ တခြားလူတွေရွှေရောင်လို့မြင်တဲ့အပိုင်း ကို အနက်ရောင် Reflection တစ်ခုအနေနဲ့သာမြင်ပြီး အဖြူေ၇ာင်မြင်တဲ့နေရာမှာတော့ သူတိုံဟာအပြာရောင်အဖြစ်နဲ့ဦးနှောက်ကပုံဖော်ပေးပါတယ်။
တခြား Optical Illusion တွေကလဲအဲ့အတိုင်းပါပဲ ။ ဒါပေမဲ့တခြား Optical Illusion တွေကြတော့ ကျွန်တော်တို့ဟာ ပတ်ဝန်းကျင်တစ်ခုလုံးကိုမြင်ရတဲ့အခါမှာ အမြင်မှားတာခြင်းတူပါတယ်။ ဒါပေမဲ့ဒီပုံမှာတော့ ကျွန်တော်တို့ဟာပတ်ဝန်းကျင်ကို ပုံထဲရှိသလောက်နဲ့ Interpret လုပ်လိုက်တဲ့အခါမှာ ကွဲသွားတာပဲဖြစ်ပါတယ်။အဓိက ကတော့ ဒီအင်္ကျီပေါ်ထိုးထားတဲ့အလင်းတွေကိုကျွန်တော်တို့ ဦးနှောက်
တွေဟာ ပုံဖော်တာမှာကွာသွားတာပါပဲ ။
ဒါဟာ ကျွန်တော်တို့ဦးနှောက်ကနေပြီးတော့ ပတ်ဝန်းကျင်ကို ပုံဖော်တဲ့အပေါ်မူတည်သွားတာပါပဲ wink emoticonဒါနဲ့အင်္ကျီ ကို Photoshop မှာ color dropper tool နဲ့ချိန်ကြည့်ရင် အပြာနဲ့အနက်လို့ဆိုပါ တယ်။ ဒါကတော့ကျွန်တော်ဖတ်ရတာပါ။သိပ်မသေချာဘူးဗျ။ အဲ့လိုကြည့်ရင်တော့ တကယ့်အရောင်အ စစ်က အပြာနဲ့အနက်လို့ဆိုပါတယ်။
Thaw Zin Htun
References :
>Asapscience.com
>wikipedia.org
>wierd.com
Thaw Zin Htun
References :
>Asapscience.com
>wikipedia.org
>wierd.com
Sign up here with your email
ConversionConversion EmoticonEmoticon