တောင်ကိုရီးယား နာ မည်ကျော်ဂီတအဖွဲ့ Big Bang ရန်ကုန်မြို့သို့လာရောက်ဖျော်ဖြေ ရန်ရှိကြောင်း ပွဲဖြစ်မြောက်ရန်စီ စဉ်နေသည့် Living Sound Entertainmentမှ တာဝန်ရှိသူက ပြောသည်။
ယင်းဖျော်ဖြေရေးအေဂျင်စီ က ဧပြီတွင် တောင်ကိုရီးယား နိုင်ငံမှ အမျိုးသမီးဂီတအဖွဲ့တစ်ခု ကို ဖိတ်ခေါ် ရန်ရှိသော်လည်း အ ချိန်အားဖြင့် နီးကပ်လာသည့်အ တွက် ဇူလိုင်တွင် ပရိသတ်အား ပေးမှုများစွာရရှိနေ သည့် Big Bangအဖွဲ့ကို ရန်ကုန်တွင်ဖျော် ဖြေနိုင်ရန် စီစဉ်နေကြောင်း၎င်းက ပြောသည်။
‘‘ကျွန်တော်တို့အခုမှ စီစဉ် နေတုန်းပါ။ Big Bang လာမှာ တော့ ကျိန်းသေတယ်။ အချိန်ပဲ အတိအကျမ သိသေးတာပါ’’ဟု Living Sound Entertainmentမှ တာဝန်ရှိသူကဆိုသည်။Big Bang၏ ဖျော်ဖြေပွဲကို Myanmar Event Parkတွင် ပြု လုပ်နိုင်ရန် စီစဉ်နေသည်။
ယခင်က ပြုလုပ်ခဲ့သည့် 2NE1ပွဲတွင် လက်မှတ်ဈေးနှုန်း များကြီး၍ ပရိသတ်အများစု မ ကြည့်ရှုနိုင်သည့်အ တွက် ယခုအခါတွင် လက်မှတ်ဈေးနှုန်းကို သင့် တင့်အောင် ရောင်းချသွားမည်ဖြစ် ကြောင်းနှင့် ပရိသတ် ငါးသောင်း ခန့်ကြည့်ရှုနိုင်အောင်စီစဉ်သွား မည်ဖြစ်ကြောင်း ၎င်းကပြော သည်။
Big Bang အဖွဲ့ကို အမျိုး သားငါးဦးဖြင့် ၂၀၀၆တွင် ဖွဲ့ စည်းထားပြီး ယင်းအဖွဲ့၌ G Dragon၊ Taeyang၊ TOP၊ Dae−sung၊ Seungri စသည့်အဖွဲ့ဝင် များနှင့် ဖွဲ့စည်းထားကာ တောင်ကိုရီးယားနိုင်ငံတွင် သာမက အနောက်နိုင်ငံများ၌ပါ အောင် မြင်မှုရရှိနေသည့် ဂီတအဖွဲ့တစ်ခု ဖြစ်သည်။
ဧပြီတွင်လည်း အခြားဖျော် ဖြေရေးအေဂျင်စီတစ်ခုမှ စီစဉ် သည့် တောင်ကိုးရီးယားနိုင်ငံမှ နာမည်ကြီး အမျိုးသမီးဂီတအဖွဲ့ ဖြစ်သော 4 Minute အဖွဲ့သည် ရန်ကုန်တွင် လာရောက်ဖျော်ဖြေ ရန်ရှိကြောင်း သိရသည်။
7day
Sign up here with your email
ConversionConversion EmoticonEmoticon