နာမည်ကျော် အမျိုးသမီးကေပေါ့ပ်အဖွဲ့ 4Minute ရန်ကုန်တွင် ဖျော်ဖြေပွဲလုပ်မည်


တောင်ကိုရီးယား နာမည်ကြီးကေပေါ့ပ်အမျိုးသမီး ဂီတအဖွဲ့ 4 Minute သည် ဧပြီတွင် ရန်ကုန်မြို့သို့ လာရောက်ဖျော်ဖြေမည်ဖြစ်ကြောင်း ယင်းပွဲစီစဉ်သည့် AIM Event Planner မှ သတင်းရရှိသည်။

ယင်း 4 Minute အဖွဲ့ကို အ မျိုးသမီးအဖွဲ့ဝင် ငါးဦးဖြင့် ၂၀၀၉ တွင် ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင်များမှာ Hyun−A ၊ Jihyun ၊ Ga−yoon ၊ Jiyoon ၊ So−hyun တို့ ဖြစ်သည်။

လက်ရှိတွင် မြန်မာနိုင်ငံ လူငယ်များအကြား၌ ကိုရီးယားပေါ့ပ် (K Pop) လွှမ်းမိုးမှု အားကြီးလာသောကြောင့် ကိုရီးယားဂီတအဖွဲ့တစ်ခုဖြင့် ဖျော်ဖြေပွဲကျင်းပလိုသည့်အတွက် 4 Minute အဖွဲ့ကို ကမ်းလှမ်းခဲ့ပြီး ၎င်းတို့ ကလည်း လက်ခံခဲ့သဖြင့် ပွဲစီစဉ်ဖြစ်ကြောင်း AIM Event Planner မှ ပရောဂျက်မန်နေဂျာ ကိုမင်းသစ်က ပြောသည်။

‘‘အခမဲ့လက်မှတ်တွေအ တွက်လည်း စီစဉ်သွားဖို့ရှိတယ်။ ဒါပေမဲ့ ပရိသတ်တွေအတွက် ဘယ်လိုတွေ လုပ်ပေးရမယ်ဆို တာတော့ အခုမှ တိုင်ပင်နေတုန်း ပါ။ နေရာကတော့ လူအရမ်းလည်းမနည်း၊ အရမ်း လည်း မများဘဲ ပရိ သတ်ဆံ့လောက်မယ့်နေရာမှာ လုပ်မှာပါ။ သေချာရင် အားလုံး ကြေညာပါမယ်’’ဟု ၎င်းက ဆို သည်။

လူငယ်များအတွက် အဓိက ရည်ရွယ်ကျင်းပရခြင်းဖြစ်၍ လက်မှတ်ဈေးနှုန်းများကို သင့်တင့်သော နှုန်းထား များဖြင့် ရောင်းချသွားမည်ဟု ကိုမင်းသစ်က ပြော သည်။

မြန်မာနိုင်ငံတွင် ၂၀၁၄သြဂုတ် ၂ ရက်က ပထမဆုံးအ ကြိမ် တောင်ကိုရီးယားနိုင်ငံမှ နာမည်ကြီး 2NE1 အဖွဲ့ လာ ရောက်ဖျော်ဖြေခဲ့ပြီး ပရိသတ် အားပေးမှုများစွာရရှိခဲ့သည်။ ယခုဧပြီတွင် 4Minute အဖွဲ့ဖျော် ဖြေပွဲပြီးပါက ဇူလိုင်တွင် Big Bang အဖွဲ့လည်း လာရောက် ဖျော်ဖြေရန်ရှိကြောင်း သိရသည်။

ဟန်သူ | 7day
Previous
Next Post »
Powered by Blogger.